ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ABENO KUMIN Center တွင် ကျင်းပပြုလုပ်မည့် BENKI FIGHT အမည်ရှိ ဘောက်ဆင်ပြိုင်ပွဲဝင်ရောက်မည့် နိုင်ငံကိုယ်စားပြု ရွေးချယ်ခံထားရသော ကစားသမား (၃)ဦး ယခုလ ဖေဖော်ဝါရီ(၂၁)ရက်၌ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာဘောက်ဆင်ကော်မရှင်(MBC)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲအား ဖေဖော်ဝါရီ (၂၄) ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာ ကစားသမား(၃)ဦးအနက် ၅၃ ကီလိုတန်းတွင် Saw Lin Aung နှင့် ဂျပန်ဖိုက်တာ Ryo Mandokoro ၊ ၆၀ ကီလိုတန်းတွင် Gin Sian Muaung နှင့် Young Doo Choi ၊ ၅၂ ကီလိုတန်းတွင် Naw Hpung နှင့် Ryoma Morimoto တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ (၂၃)ရက်မှာ ကစားသမားတွေ ဆေးစစ်ပြီးတော့ (၂၄)ရက်မှာ ယှဉ်ပြိုင်ကြမှာပါ”ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကစားသမား(၃)ဦးကို ဇန်နဝါရီ (၆)ရက်မှစတင်၍ ဂျပန်ဘောက်ဆင်ကော်မရှင်အဖွဲ့က စခန်းသွင်း လေ့ကျင့်ပြင်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့၌ ကျင်းပပြုလုပ်မည့် ဘောက်ဆင်ပွဲများတွင်လည်း မြန်မာကစားသမား (၁၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် MBC က စီစဉ်လျှက်ရှိကြောင်း သိရသည်။