Home News Local News AYA Tri Nation Cup 2026 ချန်ပီယံဆု ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး

AYA Tri Nation Cup 2026 ချန်ပီယံဆု ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး

0
139

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 (Women’s International Friendly Tour) ပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ရာ၊ ချန်ပီယံဆုကို
ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူးရရှိခဲ့သည်။

ဇွန်လ (၉) ရက်က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ထိုင်းအသင်းက စုစုပေါင်းရမှတ် (၄) မှတ်ဖြင့် ပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ တစ်ဦးချင်း ထူးချွန်ဆုရရှိသူများအဖြစ် အကောင်းဆုံး ဂိုးသမားဆုကို ထိုင်းအသင်းမှ Thichanan Sodchuen မှလည်းကောင်း၊ အကောင်းဆုံး ကစားသမားဆုကိုလည်း ထိုင်းအသင်းမှ ကစားသမား Pattaranan Aupachai တို့က ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် ချန်ပီယံဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ ဒေါက်တာထူးမောင်၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာ နိုင်ငံ အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စပယ်ကြည်တို့က ပေးအပ်ချီးမြှင့်ခဲ့သည်။

ချန်ပီယံ ဆုပေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမေသန်းနွယ်၊ ဒေါက်တာထူးမောင်၊ ဦးစိုးဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များနှင့် အဓိကပံ့ပိုးကူညီသည့် AYA Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာအမျိုးသမီးအသင်းသည် AYA Tri Nation Cup ပြိူင်ပွဲ၌ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမြင့်သော အသင်းများကို အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကစားခဲ့သည်ကို တွေ့ရသည်။

ဥဇဘတ်ကစ္စတန်ကို (၁-၀) ဂိုးနှင့် ရှုံးကာ ထိုင်းနှင့် တစ်ဂိုးစီသရေကျပြီး ရမှတ် တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းသည် ဂျပန်နည်းပြသစ် ကာတို လက်ထက်၌ ပုံစံကောင်းတစ်ချို့ မြင်ခဲ့ရသော်လည်း ကွင်းလယ်နှင့် တိုက်စစ်ပိုင်း၌ မျိုးဆက်သစ် ကစားသမားများထည့်သွင်းရန် ပရိတ်သတ်က အကြံပြုထားသည်ကို တွေ့ရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here