Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ...
HomeNewsLocal NewsAYA Tri-Nation Cup...

AYA Tri-Nation Cup ယှဉ်ပြိုင်ရန် ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိ၊ သုဝဏ္ဏကွင်း၌ စတင်လေ့ကျင့်နေပြီဖြစ်

ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် AYA Tri-Nation Cup 2026 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဥဇဘတ်ကစ္စတန် အမျိုးသမီး အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မြို့တော် တက်ရှ်ကန့် (Tashkent) မှ ရန်ကုန်မြို့သို့ မိုင်ပေါင်း ၂,၃၂၀ ကျော် ခရီးနှင်လာခဲ့ရသည့် ဥဇဘတ်ကစ္စတန် အသင်းသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ညနေပိုင်းမှာပင် သုဝဏ္ဏကွင်းရှိ MFF Training Pitch-1 ၌ အပေါ့စား ကြံ့ခိုင်မှု လေ့ကျင့်ရေးအစီအစဉ်များကိုစတင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အင်အားတောင့်တင်းသည့် ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း၊ ဒေသတွင်းအင်အားကြီး ထိုင်းအသင်းတို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

ပွဲစဉ်များအဖြစ် ဇွန်လ (၃)ရက် ညနေ (၅) နာရီတွင် မြန်မာနှင့် ဥဇဘတ်ကစ္စတန် (အဖွင့်ပွဲစဉ်)၊ ဇွန်လ (၆)ရက် ညနေ (၅) နာရီတွင် ထိုင်း နှင့် ဥဇဘတ်ကစ္စတန်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

“မြင်းရိုင်းမလေးများ”ဟု တင်စားကြသည့် ဥဇဘတ်ကစ္စတန်အသင်းနှင့် အိမ်ရှင် မြန်မာအမျိုးသမီးအသင်းတို့၏ အဖွင့်ပွဲစဉ်သည် ပရိသတ်များ စိတ်ဝင် စားမှုအခံရဆုံး ပွဲတစ်ပွဲ ဖြစ်လာရန် ရှိနေသည်။

အဆိုပါ AYA Tri-Nation Cup 2026 ပြိုင်ပွဲသည် သုံးနိုင်ငံအမျိုးသမီးအသင်းများအတွက် နောက်ထပ် နိုင်ငံတကာပြိုင်ပွဲကြီးများမတိုင်မီ အချင်းချင်း ခြေစွမ်းတိုးတက်မှုကို တိုင်းတာနိုင်မည့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071