Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁...
HomeMoviesအိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။

ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊ အခြေခံအဆောက်အဦးပိုင်းဆိုင်ရာများတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့်ဆောင်ရွက်ရေးတို့ဆောင် ရွက်နိုင်ခဲ့မှု၊ ရိုးရိုးရှင်းရှင်းဖြင့်လုပ်ငန်းများဆောင်ရွက် နိုင်မှု၊ Green Port အဖြစ်လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆိပ်ကမ်း မှ PPP မော်ဒယ်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိမှု၊ ဆိပ်ကမ်းနှင့်ပတ်သက်သည့် သင်တန်းများမျှဝေ သင်ကြားပေးနိုင်မှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အတူ နိုင်ငံတော်သမ္မတသည် ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုနှင့် အသစ်ထပ်မံတည် ဆောက်ရန်ဆောင်ရွက်လျက်ရှိသည့် Vadhavan ဆိပ် ကမ်းစီမံကိန်းမှတ်တမ်းဗီဒီယိုတို့အားကြည့်ရှုရာ တာဝန် ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန် မာနိုင်ငံ၌ ဆိပ်ကမ်းတည်ဆောက်ရန်ဆောင်ရွက်လျက်ရှိရာ ယခုဆိပ်ကမ်းသည် နိုင်ငံတကာအဆင့်မီ ဆိပ် ကမ်းကြီးတစ်ခုဖြစ်၍ လာရောက်လေ့လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ် ကမ်းနှစ်ခုရှိကာ သီသဝါဆိပ်ကမ်းသည် အထူးစီးပွား ရေးဇုန်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်ဆိပ်ကမ်းဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံတော်ပိုင်ဆိပ်ကမ်းများကို အဆင့် မြှင့်တင်နိုင်ရန်လေ့လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်လုပ်ငန်းပူးပေါင်းဆောင်ရွက်၍ရသည်များကို သက် ဆိုင်ရာတာဝန်ရှိသူများကဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ယခုဆိပ်ကမ်းသည် စွမ်းဆောင်ရည်များမြင့်မားသည်ကိုတွေ့ရပြီး Green Area နှင့် Green Energy များဆောင်ရွက်ထားမှုကိုလည်း လေ့လာတွေ့ရှိရ၍ ခရီးစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန်လာရောက်ခဲ့ခြင်းဖြစ်ရာ နှစ်နိုင်ငံကြားကုန်သွယ်မှု အခန်းကဏ္ဍပိုမိုတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းပညာနှင်ပတ်သက်၍ သင်တန်းများ သင်ကြားပေးမည်ဆိုပါက သင်တန်းသားများစေလွှတ်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂျဝါဟာလာနေရူးဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီးသိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။

ဂျဝါဟာလာနေရူးဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၊ မဟာရာ့ရှ်ထရာပြည်နယ်၊ မွန်ဘိုင်းမြို့၏ တောင်ဘက်၊ ယူရန်ဒေသတွင်တည်ရှိပြီး ဆိပ်ကမ်း၏ကုန်သွယ်နိုင်မှုမှာ ကမ္ဘာ့အဆင့်(၂၃)တွင်ရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အဆင့်(၁)ရှိသည့် အဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ အိန္ဒိတစ်နိုင်ငံလုံး၏ ကွန်တိန်နာသယ်ပို့မှု(၅၀)ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းမှသယ်ယူပို့ဆောင်ခြင်းဖြစ်ကာ ယခု ဆိပ်ကမ်းကြီးသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုကိုအကောင်အထည်ဖော်ရာတွင်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှဒေသနှင့် အဓိကဆက်သွယ်ဆောင် ရွက်လျက်ရှိသည့် ဆိပ်ကမ်းကြီးတစ်ခုလည်းဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ သတိပေးထုတ်ပြန်ထား သည်။ ​လက်ရှိအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်နေရာအ များစု၌ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သတိပေးထားသည်။ ရန်ကုန်- တနင်္သာရီကမ်းရိုးတန်းအခြေ အနေမှာ မိုးကြီးနိုင်ကာ ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀) မိုင်မှ (၁၅) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် မိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071