Tuesday, June 2, 2026

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁...

အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ

နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)သည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန...

သမ္မတဦးမင်းအောင်လှိုင်နှင့်မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  သွားရောက်ကြည့်ရှုနေသည့် မွန်ဘိုင်းရှိ...

အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းJNP Port ဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးသော ကွန်တိန်နာအခြေပြု ပင်လယ်ရေကြောင်းဆိပ်ကမ်း (Largest Container Port) ဖြစ်ပြီး နိုင်ငံတွင်း...
HomeMoviesမုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင်...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး

​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ သတိပေးထုတ်ပြန်ထား သည်။

​လက်ရှိအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်နေရာအ များစု၌ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သတိပေးထားသည်။

ရန်ကုန်- တနင်္သာရီကမ်းရိုးတန်းအခြေ အနေမှာ မိုးကြီးနိုင်ကာ ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀) မိုင်မှ (၁၅) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် မိုင် (၃၀)အထိ ပြင်းထန်နိုင်ကြောင်း သိရသည်။

​လှိုင်းအခြေအနေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၇) ပေမှ (၉) ပေအထိ ရရှိနိုင်မည်ဖြစ်သဖြင့်  အ ထူးသတိပြုရန်လိုကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်-ရခိုင်ကမ်းရိုးတန်းတလျှောက်တွင်လည်း မိုးထစ်ချုန်းရွာနိုင်ကာ​ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅)မိုင်မှ (၁၀) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် (၂၅) မိုင်အထိ ရှိနိုင်ကြောင်းဆိုသည်။

​လှိုင်းအခြေအနေမှာ လှိုင်းအမြင့် (၆) ပေမှ (၈)ပေအထိ ရှိနိုင်ကာ ​အမြင်တာအနေ ဖြင့်ပုံမှန် (၄) မိုင်ရှိပြီး မိုးရွာစဉ် (၁) မိုင်ခန့်အထိ လျော့နည်းနိုင်ကြောင်းဆို သည်။

ထို့ကြောင့် ပင်လယ်ပြင်ခရီးသွားလာမည့် ရေလုပ်ငန်းခွင်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများနှင့် သင်္ဘောလိုင်းများအနေဖြင့် လှိုင်းကြီးနိုင်သည့်အခြေအနေနှင့် မိုးသက်လေပြင်းများကို ကြိုတင်သတိ ပြုပြီး သွားလာကြဖို့ နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းအစီအမံများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များအား ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပြီး ဒေသဆိုင်ရာတာဝန်ခံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ...

အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ

နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)သည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်၌ ရှိသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးရာတွင် လာ‌ရောက်အပ်နှံကြသည့် ကျောင်းသား/သူများအနေဖြင့် အကြားအာရုံချို့ယွင်းအားနည်းသူ ဖြစ်ရမည်ဖြစ်ပြီး အသက်အားဖြင့် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်သည်။ ထို့အတူ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071