Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

ကယားပြည်နယ်တွင် သံဃာတော်များပါသီတင်းသုံးနေသည့်ကျောင်းများအား စွန့်ခွာစစ်ဘေးရှောင်နေရ

ကယားပြည်နယ်တွင် သံဃာတော်များပါသီတင်းသုံးနေသည့်ကျောင်းများအား စွန့်ခွာစစ်ဘေးရှောင်နေရ   ကယားပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသဖြင့် ပြည်နယ်အတွင်းရှိ သံဃာတော်များမှာလည်း သီတင်းသုံးနေကြသည့် ကျောင်းများအားစွန့်ခွာ၍ ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိလာလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ "အဓိက ကတော့ဆွမ်းကိစ္စအခက်အခဲဖြစ်လာတယ် စျေးတွေလည်းပိတ်သလို မြို့ပေါ်မှာလည်း လူမရှိတော့ဘူး နောက်ပြီး သေနတ်သံတွေလည်းဆက်တိုက်ကြားနေရတော့ အသက်ငယ်တဲ့ကိုရင်လေးတွေကြောက်မှာစိုးတာကြောင့် နီးစပ်ရာဘုန်းကြီးကျောင်းတွေကို ရွှေ့ပေးနေတာပါ ဆွမ်းကိစ္စကလည်းထိုက်သင့်သလောက်အဆင်ပြေသွားတာပေါ"ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ လွိုင်ကော်မြို့အတွင်း၌...

ကယားပြည်နယ်ဖြစ်စဥ်မှ စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ ရှမ်းပြည်ဘက်သို့အများဆုံးရောက်ရှိ

ကယားပြည်နယ်ဖြစ်စဥ်မှ စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ ရှမ်းပြည်ဘက်သို့အများဆုံးရောက်ရှိနေ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့ပေါ် ၊ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင် ဇန်နဝါရီ ပထမအပတ်မှစတင်၍ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၁၇၀၀၀၀ ကျော်ရှိပြီဖြစ်ကာ အကူအညီများလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ "ပြီးခဲ့တဲ့တစ်ပတ်ထဲက စစ်တပ်နဲ့ KNPP တို့တိုက်ပွဲတွေဖြစ်တယ် လွိုင်ကော်မြို့ပေါ်မှာပါတိုက်ပွဲဖြစ်တော့ မြို့မှာနေတဲ့လူတွေက သူတို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းပြည်ဘက်ကိုစ်ရှောင်အနေနဲ့ပြေးလာကြတာပါ လွိုင်ကော်မြို့ထဲမှပဲ...

နောင်ချိုမြို့တွင်ကိုယ်ပိုင်ကားပေါ်မှ ရန်ကုန်တိုင်းသို့သယ်လာသည့် စိတ်ကြွဆေးပြား...

နောင်ချိုမြို့တွင်ကိုယ်ပိုင်ကားပေါ်မှ ရန်ကုန်တိုင်းသို့သယ်လာသည့် စိတ်ကြွဆေးပြား ၆ သိန်းဖမ်း မိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇန်နဝါရီ ၁၀ ရက်ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးဘက်မှ မန္တလေးဘက်သို့ ရဲမင်းအောင်(ခ)ကိုငယ် မောင်းနှင်ကာ လွှမ်းမိုး(ခ)ကိုစိုင်း လိုက်ပါလာသည့်...

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု...

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို တရုတ်က အစဉ်တစိုက်ထောက်ခံအားပေးကြောင်း သံအမတ်ကြီးပြောဆို မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လှူဒါန်းကူညီနေသည့် ငွေကြေးများက ပဋိပက္ခများလျှော့ချရေးအတွက်၊ ပြည်သူများ လူနေမှုဘဝကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ နေရာချထားရာတွင် ကူညီပေးရေးနှင့် ဒေသန္တရလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က...

အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂)...

အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂) ဦးထပ်တွေ့ မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ (၂၁) ဦးရှိပြီဖြစ် အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦးအား ဇန်နဝါရီ ၁၂ ရက်က ထပ်မံစစ် ဆေးတွေ့ရှိခဲ့ရပြီး အိန္ဒိယနိုင်ငံမှကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ( ၂၁) ဦးရှိပြီဖြစ် သည်။ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာကာ...

အောင်မြေသာစံမြို့နယ်ရှိ အမရဌာနီအနောက်ရပ်ကွက် ရပ်ကျေးရုံးဗုံးဖြင့်ပစ်ခတ်ခံရ...

အောင်မြေသာစံမြို့နယ်ရှိ အမရဌာနီအနောက်ရပ်ကွက် ရပ်ကျေးရုံးဗုံးဖြင့်ပစ်ခတ်ခံရ နှစ်ဦးဒဏ်ရာရ   မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမရဌာနီအနောက်ရပ်ကွက်၏ ရပ်ကျေးရုံးအား ဇန်နဝါရီ ၁၂.ရက်နံနက် ၈ နာရီခန့်က ဗုံးဖြင့်ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုကြောင့် နှစ်ဦးဗုံးစထိမှတ်ဒဏ်ရာများရရှိခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ "ရပ်ကျေးရုံးကို ဆိုင်ကယ်မောင်းလာတဲ့နှစ်ယောက်က ဗုံးနဲ့ပစ်သွားတာ ဗုံးပေါက်တော့ရုံးနားကလူတွေလည်းအကုန်ကြောက်လန့်ပြီးထွက်ပြေးကြတာပဲ"ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။ ပေါက်ကွဲမှုဖြစ်စဥ်တွင် လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။ "ရပ်ကျေးရုံးနားမှာက စျေးလည်းရှိတယ် စျေးမှာလူစည်တဲ့အချိန်ဖြစ်သွားတာ ဗုံးနဲ့ပစ်ပြီးပြီးချင်း ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်"ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။ ဖြစ်စဥ်ကြောင့်...

ကဝမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေ...

ကဝမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံး ပဲခူးတိုင်း၊ကဝမြို့နယ်နေ ကြံခိုင်ရေးပါတီဝင်တစ်ဦးအား အမည်မသိလက်နက် ကိုင်များက ဇန်နဝါ ရီ ၁၂ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ကဝမြို့နယ်၊ဇင်းဘုကျေးရွာ၌ နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ကျော်ဆိုသူဖြစ်သည်။ ၎င်း ပစ်ခတ်ခံရသည့်နေရသည် ရှမ်းကန်ရွာအနီးရှိ ရှမ်းကန်-ကဝသွားလမ်းပေါ်တွင်ဖြစ်ပြီး...

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က စစ်ဘေးရှောင်များအတွက်...

တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ St.Anthony RCM ဘုရားကျောင်းတွင် လာရောက် ခိုလှုံကြသော ကယန်းနှင့် ကယား(ကရင်)နီ စစ်ဘေးရှောင်များအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေပိုင်းတွင် အလှူငွေလာရောက်ပေးအပ်လှူဒါန်းခဲ့သည်ဟု PNOကပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ချယ်ရီထက်အား...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒုရဲအုပ်ဟောင်း မချယ်ရီထက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်သင့်၊မတင်သင့် လာမည့် ဇန်နဝါရီ ၁၃ရက် ရုံးချိန်းမှာ စီရင်ချက်ချဖို့ ရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!