Thursday, August 6, 2026

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်အတွက် ဂျိုရှုအာဗန်နှင့်...

UFC ဖလိုင်းဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျိုရှုအာဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ မြန်မာ–ထိုင်း...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

စစ်တွေမြို့တွင် ယနေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့သော...

စစ်တွေမြို့တွင် ယနေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့သော မီးလောင်မှု အငြိမ်းစားအထက်တန်းပြဆရာမကြီး သေဆုံးသွား ယနေ့ ဇန်နဝါရီ ၁၆ ရက်နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်ဟု ပြည်နယ်အခြေစိုက်ရခိုင်နေ့စဉ်ကဖော်ပြသည်။ စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ အလယ်လမ်းရှိ ပျဉ်ခင်းနှစ်ထပ်နေအိမ်တစ်လုံး၏ အောက်ထပ်တွင် ဆိုင်ကယ်ဘတ္ထရီအိုး...

မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ ကရင်ပြည်နယ်၊မြဝတီမြို့ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား အမည်မသိလက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၁၅ ရက်ည ၈ နာရီကျော်ခန့်တွင် စတင်ပစ် ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ "ပေါက်ကွဲသံတစ်ချက်အရင်ကြားရလို့ ဘယ်မှာဖြစ်တာလဲနားထောင်နေတုန်း ရဲစခန်းဖက်ကနေ သေနတ်ပစ်သံတွေကြားရတာ အပြန် အလှန်ပစ်သံတွေပဲ"ဟုဒေသခံတစ်ဦးကပြောသည်။ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား အ ဝေးမှစတင်ပစ်ခတ်၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု...

တနင်္သာရီတိုင်း၏အရင်းအမြစ်နှင့် အားသာချက်များကိုစနစ်တကျသုံး၍ ဖွံ့ဖြိုး​ရေးများလုပ်ကြမည်

တနင်္သာရီတိုင်း၏အရင်းအမြစ်နှင့်အားသာချက်များကိုစနစ်တကျသုံး၍ဖွံ့ဖြိုး​ရေးများလုပ်ကြမည် မြိတ်မြို့ဖွံ့ဖြိုးတိုးတက်ရေး၊မြိတ်မြို့ဆိပ်ကမ်းအား နိုင်ငံတကာအဆင့်မီဆိပ်ကမ်းတစ်ခုဖော်ဆောင်ရေးအပါအဝင် မြိတ်ခရိုင်အတွင်း ထပ်မံအကောင်အထည်ဖော်ဆောင်မည့်စီမံကိန်းများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ဇန်နဝါရီ ၁၅ ရက်တွင် မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ငါးပုဇွန်မွေးမြူ ရေးလုပ်ငန်းနှင့်ဒေသအတွင်းအကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများရှင်းလင်းတင်ပြခြင်း အခမ်းအနား၌ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းအတွင်း စီမံကိန်းများဆောင်ရွက်ရာတွင် လယ်မြေများအားအသုံးမပြုရန်နှင့်ဆန်ဖူလုံမှုမရှိသဖြင့် မြေကိုအကျိုးရှိစွာအသုံးချရန် လိုကြောင်း နစက ဥက္ကဋ္ဌကပြောသည်။ မြိတ်ခရိုင်အတွင်း ၂၀၂၁ ခုနှစ်တွင် ငါးလေလံ...

မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်း ခရီးစဥ်များ...

မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးလျက်ရှိ မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဥ်များအား ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးလျက်ရှိကြောင်း တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်သို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌအား ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းပြောကြားခဲ့ကြသည်။ ဇန်နဝါရီ ၁၅ ရက်က ကျွန်းစုမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား နစက ဥက္ကဋ္ဌက ကျွန်းစုမြို့၊မြို့တော်ခန်းမ၌တွေ့ဆုံစဥ် ရှင်း လင်းပြောကြားခဲ့ကြခြင်းဖြစ်သည်၊ မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီး စဉ်များအား ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးလျက်ရှိကာ...

ပခုက္ကူတွင် ခရီးသည်တင်ကားပေါ်မှမုန့်ဖာများအတွင်း သိုဝှက်သယ်ဆောင်လာသည့်...

ပခုက္ကူတွင် ခရီးသည်တင်ကားပေါ်မှမုန့်ဖာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းများဖမ်းမိ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်၊ဧရာဝ တီတံတား(ပခုက္ကူ)တံတားအဆင်း၌ ဇန်နဝါရီ ၁၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှသိရသည်။ "ဖမ်းမိတာတော့ဟုတ်တယ် အသေးစိတ်စစ်ဆေးတာတွေလုပ်နေတယ် အကုန်ပြောပြလို့မရသေးဘူး"ဟုရဲအရာရှိတစ်ဦးကပြောသည်။ ဖြစ်စဥ်တွင် လုံခြုံရေးအဖွဲ့ဝင်များက စလင်းမြို့နေသူမောင်းနှင်လာသည့် ခရီးသည်တင်ယာဥ်အားစစ်ဆေးရာမှ မုန့်ဖာများအတွင်းသိုဝှက်သယ်ဆောင်လာသည့် ဒီတိုနေတာ ၁၃၃၀ ခု၊အဝါရောင်ယမ်းကြိုး ၅၀ မီတာအရှည်...

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာအလုပ်သမား (၁၈) ယောက် ဖမ်းဆီးခံရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား (၁၈)ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ (၁၄) ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။ သတင်းအရ ထိုင်းနိုင်ငံ ဝမ်ကျောင့်မြို့မရဲစခန်းမှ အာဏာပိုင်တပ်ဖွဲ့တွေဟာ ဒေသတောအတွင်းမှာ ပုန်း အောင်းနေတဲ့ တရားမဝင် ဝင်ရောက်လာတဲ့...

သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်များထပ်မံရွှေ့ပြောင်းနေရ

သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်များထပ်မံရွှေ့ပြောင်းနေရ ကရင်ပြည်နယ်၊မြဝတီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်များအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် လက် နက်ကြီးပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ထပ်မံရွှေ့ပြောင်းလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ "ထပ်ရွှေ့တဲ့နေရာကလည်း သောင်ရင်းမြစ်ဘေးမှာပါပဲ ဒါပေမယ့် သူတို့လက်ရှိနေရာနဲ့အတော်ဝေးတဲ့နေရာ လက်နက်ကြီးကျည်မရောက်နိုင်တဲ့နေရာတွေကိုရွှေ့တာပါ"ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်ဦးရေများစွာရှိပြီး အခက်အခဲများနှင့်အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ "အခုကတော့ သောင်ရင်းမြစ်ဘေးရောက်နေတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းဖက်ခြမ်းမှာနေတဲ့မြန်မာတွေက...

ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင်...

ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်​ပွား​နေဟု​ဒေသခံများ ​ပြော ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်​ရေးတင်းမာမှု​တွေဖြစ်​ပေါ် ပြီး ​တိုက်ပွဲများဖြစ်​ပွားနေသည့်အတွက် ​ဒေသခံများအ​နေနဲ့ စိုးရိမ်​နေရတယ်လို့ သိရပါတယ်။ အဆိုပါ ထိ​​တွေ့တိုက်ပွဲများဖြစ်ပွား​နေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး ဒီက​နေ့(ဇန်နဝါရီ ၁၅)ရက်မှာလည်း ပြည်ထောင်စုကားလမ်းမကြီးဘေး ဗူးခါးရွာအနီးတွင် နံနက်(၈)ကျော်အချိန်ခန့်မှစပြီး...

မြစ်ကြီးနားမြို့ အေးမြသာယာစျေးအနီးတံတားအုတ်ခုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

မြစ်ကြီးနားမြို့ အေးမြသာယာစျေးအနီးတံတားအုတ်ခုံတွင် ဗုံးပေါက်ကွဲမှုဖြစ် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အေးမြသာယာစျေးအနီးရှိ လမ်းသွယ်(၉)ထိပ် တံတားအုတ်ခုံတွင် ဇန်နဝါရီ ၁၅ ရက်(ယနေ့)နေ့လည် ၃ နာရီခန့်က ဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဖြတ်သန်းသွားလာသူများမရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ "အုန်းဆိုတဲ့အသံကြီးကြားလိုက်လို့ ကြားပြီးပြီးချင်းထွက်မကြည့်ရဲသေးဘူး ပစ်သံတွေများကြားရအုံးမလားလို့စောင့်နားထောင်ပြီးမှထွက်ကြည့်ရတာ"ဟုဒေသခံတစ်ဦးကပြောသည်။ ဖြစ်စဥ်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တံတားအုတ်ခုံအနီး၌ မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်ပြီး တံတားအုတ်ခုံပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၏...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!