Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeMovies

Category: Movies

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတဦးညိုစောသည် တရုတ်နိုင်ငံ၊ နန်နင်းမြို့ ၌ကျင်းပမည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန် စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံစီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက တ ရုတ်နိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်သည်။

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၅ ဂျပန်နိုင်ငံ၊ အိုင်ချီ-နာဂိုယာမြို့တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တက်ဂ်ဘော (Teqball) အားကစားအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့်...

အမှတ် (၈) အစုန်...

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ်...

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ...

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရွှေပြည်သာစက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ...

MSMEs လုပ်ငန်းများအတွက် နည်းပညာ...

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ် (၂၀၂၆)” ကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ၌...

အုပ်စုအဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို ၅...

ယနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုး သမီးအသင်းမှာ တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။ ယနေ့ပွဲစဉ် ပထမပိုင်း၌ တောင်ကိုရီးယားအသင်းက ၃ ဂိုးသွင်းယူထားသလို ဒုတိယပိုင်းပွဲချိန်အတွင်း ၂ ဂိုးထပ်မံသွင်းယူခဲ့သဖြင့်...

သီပေါဟော်နန်းကို နှစ် ၁၀၀...

သီပေါ၊စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်၁၀၀နှင့်အထက်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် တရားဝင်သတ် မှတ်လိုက်ပြီး မကြာမီ နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။ သီပေါဟော်နန်းကို ယဥ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင် ၂၃ ရက်စွဲပါ...

ရန်ကုန်မြို့တွင် မိုးသည်းထန်းစွာရွာပြီးနောက် ကမာရွတ်၊ကြည့်မြင်တိုင်နှင့်...

ရန်ကုန်၊စက်တင်ဘာ ၁၄ ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်း၌ မိုးသည်းစွာရွာသွန်းမှုကြောင့် ကမာရွတ်၊ကြည့်မြင်တိုင်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ လမ်းမကြီးအချို့တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုဖြစ်စဥ်များသည် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းနှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မြောက်မျဉ်းပြိုင်ကွင်းလမ်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “တက္ကသိုလ်ရိပ်သာလမ်းမှာ အပင်လဲတာ ယာဉ်တစ်စီးပေါ် ပိမိတယ်”...

စစ်ကိုင်းမြို့ နှစ် ၇၀၀...

စစ်ကိုင်း၊ စက်တင်ဘာ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နှစ် ၇၀၀ အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ ကွင်းတစ်ကွင်းဖြစ်လာစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် အားကစားကွင်းအတွင်း ဘောလုံးကွင်းမြက်ခင်းနှင့် ရေဖျန်းစနစ် ပုံမှန်လည်ပတ်နိုင်ရေး ပြုပြင်ခြင်း၊ ဂါလန် ၃,၆၀၀ ဆံ့ ရေစင်...

နတ်စင်တစ်ရာဆရာတော်ကြီး၏ အန္တိမဈာပနအခမ်း အနားအတွက်...

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် သန်လျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက်၏ နတ်စင်တစ်ရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ယနေ့ စက်တင်ဘာ ၁၄ ရက်ညနေ ၄ နာရီတွင် ဖူးမြှော်ခဲ့ကြသည်။ ထိုသို့ ဖူးမြှော်ပြီးနောက် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ နတ်စင်တစ်ရာဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!