Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ထရမ့်ပ်နှင့် ဟဲရစ် မြောက်ကာရိုလိုင်းနားမှာ...

အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်တို့သည် မဲဆွယ်ကာလ နောက်ဆုံးရက်သတ္တပတ်တွင် မဲတစ်ပြားအတွက် မည်သူ့ကိုသမ္မတအဖြစ်‌ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသည့် မဲဆန္ဒရှင်များထံ နောက်ဆုံးအကြိမ် စည်းရုံးရေးဆင်းခဲ့ကြသည်။ လူထုသဘောထား စစ်တမ်းများအရ ပြိုင်ဆိုင်မှုပြင်းထန်သည့် အနေအထားကို ဆက်လက်ဖော်ပြနေပြီး သမ္မတလောင်းနှစ်ဦးသည် အကြိတ်အနယ်ဖြစ်နေသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် သုံးရက်သာလိုတော့ချိန်တွင် ပြိုင်ပွဲအဆုံးအဖြတ်သည် အကြိတ်အနယ်ယှဉ်ပြိုင်ရသော အဓိကပြည်နယ်ကြီးများဆီ ရောက်သွားဖွယ်ရှိသည်။ စနေနေ့တွင်...

အစ္စရေး-လက်ဘနွန်နယ်စပ်နားထိုင်းလုပ်သား လေးဦး‌ေ-သဆုံး

လက်ဘနွန်နိုင်ငံနှင့်နယ်စပ် အစ္စရေး၏ မြောက်ဘက်စွန်းမြို့ မက်တူလာကို ဒုံးကျည် ဖြင့် တိုက်ခိုက်သဖြင့် ‌ေ-သဆုံး၊ ဒဏ်ရာရသူများထဲတွင် ထိုင်းနိုင်ငံသား စိုက်ပျိုးရေးလုပ်သား လေးဦး ‌ေ-သဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂီယမ်ပွန်ဆာက သောကြာနေ့တွင် X ပေါ်ပို့စ်တင်၍ ပြောကြားခဲ့သည်။ ဒဏ်ရာရ၊ ‌ေ-သဆုံးခဲ့သူများ၏ မိသားစုများကို...

တရုတ်-လာအိုရထားလမ်းကနယ်စပ်ဖြတ်ကျော်ခရီးသည်ဝန်ဆောင်မှုကိုတိုးတက်စေခဲ့

ဗီယန်ကျင်း၊နိုဝင်ဘာ ၁ လာအို-တရုတ်မီးရထားကုမ္ပဏီလီမိတက် (LCRC) သည် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ ရှီယန်းဘာနာနှင့် လာအိုနိုင်ငံမှ လွမ်ပရာဘွမ်အကြား လူစီးရထားပြေးဆွဲမှုအခေါက်ရေကို အောက်တိုဘာလ ၂၉ ရက်မှစတင်၍ တိုးမြှင့်ပြေးဆွဲခဲ့သည်။ ယခုအခါ အဆိုပါကုမ္ပဏီသည် ယခင်ကတစ်ပတ်လျှင် လေးရက်သာပြေးဆွဲပေးခဲ့ရာမှ ယခုအခါ တစ်ပတ်လျှင် ခြောက်ရက်အထိတိုးမြှင့် ပြေးဆွဲလျက်ရှိသည်။ ယခုကဲ့သို့တိုးချဲ့ပြေးဆွဲထားသည့် အချိန်ဇယားနှင့်အစီအစဉ်သည် နှစ်နိုင်ငံ၏ လူကြိုက်များသောနေရာနှစ်ခုအကြားတွင်...

ဂျပန်နှင့် အီးယူ လုံခြုံရေးနှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန်ကြေငြာ

တိုကျို၊နိုဝင်ဘာ ၂ တရုတ်၊မြောက်ကိုရီးယားနှင့်ရုရှားတို့ဖြင့် တင်းမာမှုများမြင့်တက်နေချိန်၌ ဂျပန်နှင့်ဥရောပသမဂ္ဂတို့သည် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ကြေငြာခဲ့ကြသည်။ အဆိုပါကြေငြာချက်အရ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ကာကွယ်ရေးစက်မှုလက်မှု လုပ်ငန်းဖလှယ်မှုများလည်းပါဝင်မည်ဟုသိရသည်။ ဥရောပသမဂ္ဂသည် အင်ဒို-ပစိဖိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ဂျပန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယာ နှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်လ်တို့ကပြောကြားခဲ့ကြသည်။ "နေ့စဉ်နဲ့အမျှ...

ရေဘေးဒဏ်ခံခဲ့ရသည့်စပိန်ပြည်သူလူထုကိုရှီကစာနာကြောင်းသဝဏ်လွှာပို့

ပေကျင်း၊နိုဝင်ဘာ ၂ စပိန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ လူေ-သဆုံးမှုများရှိခဲ့ပြီး ပစ္စည်း ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည့်အတွက် ဆဋ္ဌမမြောက်စပိန်ဘုရင် ဖိလစ် နှင့်ရေဘေးသင့်ပြည်သူများထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီက စာနာကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ ပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် လူ‌ေ-သဆုံးမှု ၂၀၅ ဦးအထိရှိခဲ့ကာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများလည်း ကြီးမားခဲ့သည့်အတွက် ထိတ်လန့်တုန်လှုပ်ဝမ်းနည်းမိကြောင်း ရှီကပြောကြားခဲ့သည်။ တရုတ်အစိုးရနှင့်...

မလေးဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ လာရောက်မည်

ပေကျင်း၊နိုဝင်ဘာ ၁ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများရှိနေသည့်ကြားမှပင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မစ္စတာအီဘရာဟင်သည် ပေကျင်း၏ဖိတ်ကြားချက်အရ နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လင်ရှီယန်းကပြောကြားခဲ့သော်လည်း ၎င်း၏ တရုတ်ခရီးစဉ် အစီအစဉ်အသေးစိတ်ကိုမူ သတင်း...

ရုရှားဓာတ်ငွေ့ ဥရောပတင်ပို့မှု ၁၅...

မော်စကို၊နိုဝင်ဘာ ၂ ဥရောပသို့ ရုရှား၏ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုသည် ယခုနှစ် ပထမ ၁၀ လအတွင်း ကုဗမီတာ ၂၆ ဒသမ ၅၂ ဘီလျံအထိရှိကာ အဆိုပါပမာဏသည် ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း ရုရှား၏ တပ်စ် သတင်းဌာနကဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးအတွက် ရုရှားဓာတ်ငွေ့တင်ပို့မှုကိန်းဂဏန်းပမာဏသည် ကုဗမီတာ ၂၈...

ဆာဘီးယားတွင်ဘူတာရုံအမိုး ပြို-ကျမှု၍ လူ၁၄ဦး‌ေ-သဆုံး

ဆာဘီးယားနိုင်ငံ နိုဘီဆက်ဒ်မြို့ရှိ မီးရထားဘူတာရုံဝင်ပေါက်အမိုး ပြို-ကျသဖြင့် လူ ၁၄ ဦး ‌ေ-သဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများက သောကြာနေ့တွင် အဆောက်အအုံအပျက်အစီးပုံများကို ဖယ်ရှားရှင်းလင်းကာ အသက်ရှင်သန်ဖွယ်ရှိသူများကို ရှာဖွေကယ်ထုတ်ခဲ့ကြသည်။ ဒါဇင်နှင့်ချီသော ကယ်ဆယ်ရေးသမားများနှင့် ဆောက်လုပ်ရေးလုပ်သားများသည် ကရိန်းနှင့် ဘူဒိုဇာများ၏ အကူအညီဖြင့် အပျက်အစီးအပိုင်းအစများကို ဖယ်ရှားရှင်းလင်းခဲ့ကြပြီး အနီးအနားတွင် ဆရာဝန်များနှင့်သူနာပြုများသည် အရေးပေါ်လူနာတင်ယာဉ်များဖြင့်...

အောင်ပွဲမရမချင်း ရုရှားကို ထောက်ပံ့ပေးသွားမည်–ပြုံးယမ်း

ယူကရိန်းတွင် အောင်ပွဲရသည်အထိ မြောက်ကိုရီးယားနိုင်ငံက ရုရှားကို ကျောထောက်နောက်ခံပြုပေးသွားမည်ဖြစ်ကြောင်း သောကြာနေ့က မော်စကိုမြို့တော်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေက ထုတ်ဖော်ပြောဆိုလိုက်သည်။ ပူတင်၏ ညဏ်ပညာ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုအောက်တွင် ရုရှားသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်သည့် မြင့်မြတ်သော ကြိုပမ်းမှုတွင် အောင်ပွဲရမည်ဆိုသည်ကို...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!