Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalဆာဘီးယားတွင်ဘူတာရုံအမိုး ပြို-ကျမှု၍ လူ၁၄ဦး‌ေ-သဆုံး

ဆာဘီးယားတွင်ဘူတာရုံအမိုး ပြို-ကျမှု၍ လူ၁၄ဦး‌ေ-သဆုံး

ဆာဘီးယားနိုင်ငံ နိုဘီဆက်ဒ်မြို့ရှိ မီးရထားဘူတာရုံဝင်ပေါက်အမိုး ပြို-ကျသဖြင့် လူ ၁၄ ဦး ‌ေ-သဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများက သောကြာနေ့တွင် အဆောက်အအုံအပျက်အစီးပုံများကို ဖယ်ရှားရှင်းလင်းကာ အသက်ရှင်သန်ဖွယ်ရှိသူများကို ရှာဖွေကယ်ထုတ်ခဲ့ကြသည်။

ဒါဇင်နှင့်ချီသော ကယ်ဆယ်ရေးသမားများနှင့် ဆောက်လုပ်ရေးလုပ်သားများသည် ကရိန်းနှင့် ဘူဒိုဇာများ၏ အကူအညီဖြင့် အပျက်အစီးအပိုင်းအစများကို ဖယ်ရှားရှင်းလင်းခဲ့ကြပြီး အနီးအနားတွင် ဆရာဝန်များနှင့်သူနာပြုများသည် အရေးပေါ်လူနာတင်ယာဉ်များဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

မြို့တော် ဘဲလ်ဂရိတ်အနောက်မြောက်ဘက် မိုင် ၄၀ အကွာရှိ မြို့တွင် သောကြာနေ့ မွန်းတည့်ချိန်ခန့်က ၁၁၅ ပေအလျားရှိ အမိုးပြို-ကျခဲ့ခြင်းဖြစ်သည်။

အပျက်အစီးပုံများအောက်မှ ရုပ်အလေ-ာင်းများကို မွန်းလွဲချိန်မှ ညနေပိုင်းအထိ ဆွဲထုတ်ယူခဲ့ရကြောင်း သိရသည်။

မွန်းလွဲကာစလောက်တွင် အပျက်အစီးများအောက်ပိတ်မိနေသည့် အမျိုးသမီးနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သူတို့နှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း Vojvodina ဆေးကုသရေးဌာန အကြီးအကဲ ဗက်စ်နာ တာကူလော့ဗ်က ပြောကြားခဲ့သည်။

ကွန်ကရစ်များ၏ အလေးချိန်ကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်သည် အလုပ်ရှုပ်ခဲ့ရပြီး ညပိုင်းအချိန်အထိ ဆက်လက်လုပ်ဆောင်ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အရေးပေါ် စီမံခန့်ခွဲရေးဗဟိုဌာနအကြီးအကဲ လူကာကောဆစ်က ပြောဆိုသည်။

အခင်းဖြစ်စဉ်အတွင်း ‌ေ-သဆုံးသူဦးရေ များစွာ ထပ်တိုးလာမည်ဟု သူ မမျှော်လင့်ကြောင်း ပြည်ထဲရေးဝန်ကြီး အိုင်ဗီကာ ဒါစစ်က Tanjug သတင်းဌာနကို ပြောဆိုခဲ့သည်။

‌ေ-သဆုံးခဲ့သူများအနက် ငါးဦးကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးဟု ဆာဘီးယားသမ္မတ အလက်ခ်ဆန်ဒါ ဗူဆစ်က ပြောဆိုပြီး ယခုဖြစ်ရပ်အတွက် တရားမျှတမှု ရှိစေရမည်ဟု ကတိပြုခဲ့သည်။

ရေရာတိကျစွာ ပြောနိုင်ခြင်းမရှိသေးကြောင်းနှင့် ယခုဖြစ်ရပ်တွင် တာဝန်ရှိသည့်သူအားလုံးကို အပြစ်ပေးသွားရန် ဆာဗီးယားသမ္မတတစ်ယောက်အနေဖြင့် မိမိတောင်းဆိုကြောင်း သူက ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071