Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

တောင်တရုတ်ပင်လယ်တင်းမာမှုပြေလည်ရေး ဗီယက်နမ်နှင့် မလေးရှား...

နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်ခဲ့ပြီးနောက် ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် တောင်တရုတ်ပင်လယ်ဒေသတွင် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ သဘောတူညီခဲ့ကြသည်။ “တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဘေးကင်းရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့် ပျံသန်းရေးကို ထိန်းသိမ်းရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးကိုမြှင့်တင်ဆောင်ရွက်ရန်...

ကန်ကာကွယ်ရေးဝန်ကြီးနှင့်တရုတ်ကာကွယ်ရေးဝန်ကြီး မဆွေးနွေးပါ

လာအိုနိုင်ငံတွင်ကျင်းပ ပြုလုပ်နေသည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အောစတင်နှင့် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို တရုတ်ကာကွယ်ရေးဝန်ကြီးက လက်မခံငြင်းဆန်လိုက်ရာ ယင်းသို့ ငြင်းဆန်ခြင်းကို စိတ်မကောင်းစရာဖြစ်ရပ်အဖြစ် ပင်တဂွန်အကြီးအကဲက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။ အာရှ နိုင်ငံပေါင်းစုံမှ လုံခြုံရေးအရာရှိများ၏ အစည်းအဝေးအတွင်း အမေရိကနှင့် တရုတ် ကာကွယ်ရေးခေါင်းဆောင်များအကြား ယခင်က တွေ့ဆုံဆွေးနွေးကြလေ့ရှိခဲ့သည်။...

တရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ တရုတ်နှင့်လာအိုတို့သည် "Peace Train-2024" အမည်ရှိ လူသားချင်းစာနာမှု‌ေသာ ဆေးကုသကယ်ဆယ်ရေးလေ့ကျင့်ခန်းကို လာအိုနိုင်ငံအလယ်ပိုင်း ဗီယန်ကျန်းပြည်နယ် Phonhong ခရိုင်ရှိ Phonhong ရထားဘူတာ၌ ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရသည်။ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် လာအို စစ်ဘက်ဆိုင်ရာ ပူးတွဲကွပ်ကဲမှု နှင့် ပူးတွဲကယ်တင်ခြင်းများကို အဓိကထား လေ့ကျင့်ခဲ့သည်ဟုလည်းသိရသည်။ အဆိုပါလေ့ကျင့်မှု၌...

တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ကြောင့် ကိဗ်ရှိ...

လေကြောင်းတိုက်ခိုက်ခံရနိုင်ခြေများနေသည်ဆိုသော တိကျသည့်သတင်းအချက်အလက်များကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ရှိ အမေရိကန်သံရုံးကို ဗုဒ္ဓဟူးနေ့တွင် ပိတ်ခဲ့ပြီး ယူကရိန်းရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် ခိုလှုံစရာနေရာများ အမြန်ရှာထားရေး အတွက်အသင့်ပြင်ကြရန် တိုက်တွန်းခဲ့သည်။ စစ်ပွဲ ရက် ၁,၀၀၀ ပြည့်တွင် ရာထူးမှ ဆင်းပေးရတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်အသစ်ကို အခွင့်ကောင်းယူ၍ ယူကရိန်းက ရုရှားပိုင်နက်အတွင်းသို့...

တရုတ်က စကော်ဘိုရိုရေတိမ်သောင်ခုံအနီး ပိုင်နက်အခြေခံမျဉ်းသတ်မှတ်

ပေကျင်း၊နိုဝင်ဘာ ၂၀ တရုတ်နိုင်ငံက အငြင်းပွားရေပိုင်နက် တောင်တရုတ်ပင်လယ်အတွင်းရှိ စကော်ဘိုရိုရေတိမ်သောင်ခုံအနီး၌ ပိုင်နက်အခြေခံမျဉ်းကိုသတ်မှတ်ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်ကထုတ်ပြန်ကြေငြာခဲ့သည်။ ယခုလိုသတ်မှတ်လိုက်ခြင်းသည် ၎င်း၏ပိုင်နက်နယ်မြေခွဲဝေမှုအား ခိုင်မာပြီးတရားဝင်ဖြစ်စေမည့်အပြင် မကြာသေးမီကချမှတ်ခဲ့သည့် ဖိလစ်ပိုင်၏ ရေကြောင်းမူဝါဒကိုတုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။ ယခုလအစောပိုင်းက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ရေကြောင်းဇုန်များအက်ဥပဒေနှင့် ကျွန်းစုပင်လယ်လမ်းများအက်ဥပဒေကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။ ဤဥပဒေများအရ အငြင်းပွားရေပိုင်နက်များနှင့်ပတ်သက်၍ မနီလာ၏တရားစီရင်ပိုင်ခွင့်ကို တရားဝင်ဖြစ်စေမည်ဖြစ်ပြီး ရေကြောင်းသွားလာမှုအတွက် မဟာဗျူဟာကျသော...

တရုတ်၌ လီသီယမ််ဖြင့်ပြုလုပ်ထားသည့် လျှပ်စစ်ကားဘက္ထရီများအားရထားဖြင့်သယ်ယူမှုစတင်

ချုံရှင်း၊နိုဝင်ဘာ ၁၉ China Railway သည် လီသီယမ်ဖြင့်ပြုလုပ်ထားသည့် EV ဘက္ထရီများကို ရထားများဖြင့် သယ်ယူမှုကိုစမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က အဆိုပါရထားများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်းပြည်နယ်၊စီချွမ်နှင့်ကွေ့ကျိုးပြည်နယ်များသို့ ဘက္ထရီများတင်ကာရထားသုံးစင်းဖြင့်ပြေးဆွဲစမ်းသပ်ခဲ့ခြင်းလည်းဖြစ်သည်။ အန္တရာယ်ရှိပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ယခင်က‌ ရေကြောင်းနှင့်ကုန်းလမ်းမှသာသယ်ယူသည့် လီသီယမ်များအများဆုံးထွက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယခုလိုမျိုး သယ်ယူမှုစနစ်ပြောင်းလဲအသုံးပြုနိုင်လိုက်ခြင်းသည် အရေးပါသောပြောင်းလဲမှုတစ်ခုလည်းဖြစ်လာခဲ့သည်။ လီသီယမ်သည်...

ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များကို...

ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန်ကို သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က ခွင့်ပြုပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်သည်။ လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန် ယူကရိန်းအစိုးရကို ခွင့်ပြုထားပြီးဖြစ်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ် အရာရှိတဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ အရပ်သားများနေထိုင်ရာ ဒေသများတွင်မူ ထိုမိုင်းများအသုံးပြုမည်မဟုတ်ကြောင်းကို ယူကရိန်းဘက်မှ ကတိပြုထားကြောင်း အဆိုပါအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းမိုင်းများသည်...

နိုဝင်ဘာလလယ်ထိထိုင်းသို့ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသန်း၃၀ကျော်

ဘန်ကောက်၊နိုဝင်ဘာ ၂၀ ထိုင်းနိုင်ငံသည် နိုဝင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွား ၃၀ ဒသမ ၅၆ သန်းကျော်စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အစောပိုင်းကာလထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်းသိရသည်။ ယင်းသို့လာရောက်လည်ပတ်သူများအနက် တရုတ်ခရီးသွား ၅ ဒသမ ၉၇ သန်းအထိရှိခဲ့ကာ မလေးနိုင်ငံသား ၄ ဒသမ ၃၆ သန်းအထိရှိကာ အိန္ဒိယမှခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ...

အာဆီယံကာကွယ်ရေးဝန်ကြီးများ လာအိုတွင် တွေ့ဆုံဆွေးနွေး

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ရေကြောင်းအငြင်းပွားမှု မြင့်တက်နေချိန် အမေရိကန်သမ္မတသစ် အကူးအပြောင်းလုပ်တော့မည့်အချိန်တွင် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ဗုဒ္ဓဟူးနေ့တွင် လာအိုနိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်။ ဗီယန်ကျင်းတွင် ပြုလုပ်မည့် အဆိုပါ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်လည်း တက်ရောက်ရန် စီစဉ်ထားကာ ဇန်နဝါရီတွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!