Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့်...

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မကြာခဏကြုံနေရသည့် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက်...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက်...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို...

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း...

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက နိုင်ငံခြားဧည့်သည်များအကြားရေပန်းစားသည့်နေရာများတွင် တာဝန်ချထားခြင်းဖြစ်သည်ဟုသိရသည်။ "ဒီအဖွဲ့တွေက သွေးပေါင်ချိန်တိုင်းတာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာလိုမျိုး အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတွေကို ပေါင်းစပ်ထားတဲ့အခြေခံကျန်းမာ‌ရေးဝန်ဆောင်မှုတွေပါဝင်လို့ ခရီးဆက်သွားတဲ့အခါ အများပြည်သူတွေ စိတ်အေးလက်အေးနဲ့ လုံခြုံမှုရှိစေမှာပါ" ဟုလည်း...

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါသင်္ဘောသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်တည်ဆောက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ်သော Oboronlogistika...

ရှိတ်ဟာစီနာကို ပြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်က...

သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ‌ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက ပြောကြားသည်။ တရားစီရင်ရေးလုပ်ငန်းစဉ်အတွက် သူ(ဟာစီနာ) ကို နိုင်ငံသို့ ပြန်လွှဲစေလိုသည်ဟု အိန္ဒိယအစိုးရကို သံတမန် အကြောင်းကြားစာ ကို ပို့ခဲ့သည်ဟု တူဟစ်ဟူစိန်က...

ရုရှားနယ်စပ်အနီး ပိုလန်လေပိုင်နက်အတွင်း အမေရိကန်ကင်းထောက်ဒရုန်း...

အမေရိကန် RQ-4B Global Hawk ဗျူဟာမြောက် ကင်းထောက်ဒရုန်းတစ်စင်းသည် ရုရှားနိုင်ငံ ကာလင်နင်ဂရက်ဒေသအနီးရှိ ပိုလန်နှင့် လစ်သူယေးနီးယား လေပိုင်နက်အတွင်း ဒီဇင်ဘာ ၂၃ ရက်က ပျံသန်းခဲ့ကြောင်း ပိုလန်အသံလွှင့်ဌာန RMF FM က သတင်းထုတ်လွှင့်ခဲ့သည်။ ယင်းသတင်းအရ အဆိုပါဒရုန်းသည် အီတလီရှိ ဆီဂွန်နယ်လာ(Sigonella)လေတပ်စခန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး...

ဘရာဇီးတွင်တံတားကျိုး၍ဆာလဖျူရစ်အက်ဆစ်များမြစ်အတွင်း ယိုဖိတ်

ဘရာဇီးနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုကို ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် တနင်္ဂနွေနေ့က ယာဉ်များဖြတ်သန်းနေစဉ်တွင် ကျိုးကျခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆာလဖျူရစ်အက်ဆစ်များသည် Tocantins မြစ်အတွင်းသို့ ယိုဖိတ်ခဲ့သည်။ Maranhao ပြည်နယ် Estreito မြို့နှင့် နှင့် Tocantins ပြည်နယ် Aguiarnopolis မြို့များကို ဆက်သွယ်ထားသည့် ၅၃၃...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!