Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeInternationalဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။

အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်၌ ဖြန့်ကြက်ခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်သည် အာရှ ဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု ပေကျင်းက ဝေဖန်နေသည့်ကြားမှပင် ဒုံးစနစ်ကို ဖိလစ်ပိုင်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။

ဒုံးကျည်စနစ်၏ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်းစုကာကွယ်ရေး အကောင်အထည်ဖော်မှုဆိုင်ရာ မိမိတို့၏ အယူအဆနှင့် ကိုက်ညီသော စွမ်းဆောင်ရည်တို့ကြောင့် ဒုံးကျည်စနစ်ကို ဝယ်ယူသွားမည်ဖြစ်သည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် ကြည်းတပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရွိုင်ဂါလီဒိုက ပြောကြားခဲ့သည်။

အမေရိကန်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်တွင် ထားရှိခြင်းသည် ပေကျင်းကို ဒေါသထွက်စေခဲ့သည်။ တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်တပ်တို့သည် တောင်တရုတ်ပင်လယ်တွင် အငြင်းပွား သောင်ခုံများ၊ ရေပြင်နယ်နိမိတ်များနှင့် ပတ်သက်၍ မကြာခင်လများအတွင်းက ဖိလစ်ပိုင်နှင့် ထိပ်တိုက်တွေ့မှုများစွာဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် စတင်တာဝန်ယူခဲ့ပြီးချိန်မှစကာ ကာလကြာရှည် စာချုပ်ဝင်မဟာမိတ်များဖြစ်သော မနီလာနှင့် ဝါရှင်တန်တို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း စေခဲ့ပြီး ပေကျင်း၏ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုရပ်တည်ချက်ကို တုန့်ပြန်လာခဲ့သည်။

ဒုံးကျည်စနစ် ဝယ်ယူမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တနင်္လာနေ့တွင် တရုတ်နိုင်ငံက ရန်စသည့် အန္တရာယ်ရှိသည့် လုပ်ရပ်အဖြစ် ချက်ချင်းဆိုသလို ရှုတ်ချခဲ့ပြီး လက်နက်ပြိုင်ဆိုင်မှုကို ပေါ်ပေါက်လာစေနိုင်သည်ဟု သတိပေးခဲ့သည်။

“သူ့ပြည်သူတွေနဲ့ အရှေ့တောင်အာရှဒေသ ပြည်သူတွေရဲ့ သမိုင်းကြောင်းအပြင် ဒေသတွင်းလုံခြုံရေးအတွက် အလွန်တရာ တာဝန်မဲ့တဲ့ ရွေးချယ်မှုပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်း က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071