Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

အမေရိကရောက် အထောက်အထားမဲ့ နိုင်ငံသားများ...

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့မန်ယန် ဂျေးရှန်ကာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သစ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် နေထိုင်နေသည့် ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် အိန္ဒိယအစိုးရက ပြင်ဆင်နေသည်ဟု ပြောကြားလိုက်သည်။ မစ္စတာထရမ့်ပ် ကျမ်းသစ္စာဆိုအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက်တွက် ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို...

အမေရိက,က ဖိလစ်ပိုင်ရှိ တိုက်ဖွန်းဒုံးကျည်ပ-စ်စင်များကိုဖြန့်ကျက်နေရာချ

အမေရိကန်စစ်တပ်သည် ဘက်စုံသုံးဒုံးကျည်များကို ကီလိုမီတာ ထောင်နှင့်ချီအထိ ပ-စ်ခတ်နိုင်သော တိုက်ဖွန်းဒုံးပ-စ်စင်များကို ဖိလစ်ပိုင်နိုင်ငံ Laoag လေယာဉ်ကွင်းမှ လူဇုန်ကျွန်းပေါ်ရှိ အခြားနေရာတစ်ခုဆီ ပြောင်းရွှေ့ဖြန့်ကျက်‌ေနရာချလိုက်သည်ဟု ဖိလစ်ပိုင်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ ယင်းပ-စ်စင်များရှိ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များသည် ဖိလစ်ပိုင်မှ တရုတ်၊ ရုရှားရှိ ပ-စ်မှတ်များအထိ ပ-စ်ခတ်ရောက်ရှိနိုင်သကဲ့သို့ SM-6...

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍ အသက်ရှုကြပ်ကာ လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ရင်းနှီးသော မဟာမိတ်တစ်ဦးဖြစ်သူ မစ္စတာ Sok Kong...

အရေပြားအစားထိုးကုသမှုများအတွက် ငါးတိန်းအရေခွံကိုသုံးနိုင်

ဒေသအခေါ် “bangus” ဟု သိကြသည့် ငါးတိန်း(milkfish)သည် အရေပြားခွဲစိတ်ကုသမှုများအတွက် ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော အရင်းအမြစ်အသစ်တစ်ခုဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ ထိပ်တန်းသုတေသနအင်စတီကျူမှ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ အရေပြားအစားထိုးခြင်းသည် မီးလောင်ဒဏ်ရာများ၊ ထိခိုက်နာများ၊ နာတာရှည်အနာများနှင့် ကင်ဆာတို့ကို ကုသရန်အတွက် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ သို့သော်လည်း လူ၊ ဝက်နှင့် အရေပြားတုကဲ့သို့ အစဉ်အလာ အရေးပြားအစားထိုးမှုရင်းမြစ်များသည်...

နျူလက်နက်စွန့်ရန် အီရန်ကို ကုလအကြီးအကဲ...

အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်းကို ရှင်းလင်းစွာဖော်ပြခြင်းဖြင့် ဒေသတွင်းနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆက်ဆံရေးတိုးတက်စေရေးအတွက် ပထမဆုံး စတင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဂါဇာပဋိပက္ခတွင် ပါဝင်နေသော ဘက်အားလုံးအနေဖြင့် နှစ်နိုင်ငံဖြေရှင်းချက်အတွက် စေ့စပ်ဆွေးနွေးမှုများကို လမ်းပွင့်စေနိုင်သော ထာဝရအပစ်အခတ်ရပ်စဲရေးမှ အကျိုးအမြတ်ရနိုင်သည်ကို နားလည်သဘောပေါက်မည်ဟု မျှော်လင့်ကြောင်းလည်း...

မိုဒီနှင့်ထရမ့်ပ်နောက်လတွေ့နိုင်ရန်နှစ်နိုင်ငံစီစဉ်နေ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နှစ်ဦး လာမည့်လတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်လျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေနိုင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် တန်ပြန်ရန်၊ ကုန်သွယ်မှုဆက်ဆံရေး မြှင့်တင်ရန်နှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ ဗီဇာလုပ်ငန်းစဉ် လျှော့ချနိုင်ရေးတို့ကို မျှော်လင့်ရသည်။...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉...

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံးသူ ၉ ဦးအထိမြင့်တက်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးတွေ့ရှိသည့်‌ေ-သဆုံးသူအား မည်သူမည်ဝါဖော်ထုတ်နိုင်ရေးအတွက် ကျန်‌ေ-သဆုံးသူများနည်းတူ ရဲဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လူနေထူထပ်သည့် တာမန်ဆရီခရိုင်ခွဲရှိ Glodock ပလာဇာ၌ ပြီးခဲ့သည့်အပတ်...

စင်္ကာပူကျောင်းများ၌ကလေ-းများကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ်စတင်

စင်္ကာပူ၊ဇန်နဝါရီ ၂၂ စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေ-းများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ကလေ-းတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေး ဌာနများသို့ လွှဲပြောင်းပေးပို့ခြင်းများလည်းပါဝင်သည့် ယခုကျန်းမာရေးစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် လူမှုရေး နှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ စာသင်နှစ်အစကတည်းက ကျောင်းသားမိဘများသည် ၎င်းတို့ကလေ-း၏အလေ့အကျင့် နှင့်ပတ်သက်သော အချက်အလက်များအတွက် က-လေး၏လူနေမှုပုံစံ...

ယူကရိန်းအရေး မညှိနှိုင်းပါကရုရှားကိုဒဏ်ခတ်ပိတ်ဆို့မည်–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် အချိန်မရွေး အသင့်ရှိသည်ဟု အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ယူကရိန်းအရေး အတွက်စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ မလာရောက်ပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရနိုင်သည်ဟုလည်း သူက သတိပေးခဲ့သည်။ “လုံး၀ မစခဲ့သင့်တဲ့ စစ်ပွဲပါ၊ ခင်ဗျားတို့မှာသာ အရည်အချင်းရှိတဲ့ သမ္မတတစ်ယောက်ရှိရင်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!