Thursday, May 14, 2026

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊...

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...
HomeInternationalအမေရိကရောက် အထောက်အထားမဲ့ နိုင်ငံသားများ...

အမေရိကရောက် အထောက်အထားမဲ့ နိုင်ငံသားများ နေရပ်ပြန်လာနိုင်ရန် လမ်းဖွင့်ထား- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့မန်ယန် ဂျေးရှန်ကာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သစ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် နေထိုင်နေသည့် ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် အိန္ဒိယအစိုးရက ပြင်ဆင်နေသည်ဟု ပြောကြားလိုက်သည်။

မစ္စတာထရမ့်ပ် ကျမ်းသစ္စာဆိုအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက်တွက် ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် ဒေါက်တာ ဂျေးရှန်ကာက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မစ္စတာထရမ့်ပ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီးရန်နှင့် သန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရေး သူ၏ ရည်မှန်းချက်ကို အရှိန်မြှင့်ရန်အတွက် ယခုသီတင်းပတ်တွင် သမ္မတအမိန့်အများအပြားကို ထုတ်ပြန်ခဲ့သည်။

အထောက်အထားမဲ့ အိန္ဒိယလူမျိုးများကို ပြန်လည်လက်ခံရန် နူးဒေလီက လမ်းဖွင့်ထားပြီး အိန္ဒိယသို့ ပြန်ပို့ခံရနိုင်သည့် အမေရိကရောက်နေသူများကို စစ်ဆေးရန် လုပ်ငန်းစဉ်များလုပ်ဆောင်နေသည်ဟု ဒေါက်တာဂျေးရှန်ကာက ပြောဆိုခဲ့သည်။

သတင်းဖော်ပြချက်များနှင့် ပတ်သက်သောမေးခွန်းကို ဒေါက်တာဂျေးရှန်ကာက ပြန်လည်ဖြေကြားရာ၌ စာရွက်စာတမ်း အထောက်အထားမရှိ သို့မဟုတ် ဗီဇာသက်တမ်းလွန်နေထိုင်နေသည့် အိန္ဒိယနိုင်ငံသား ၁၈,၀၀၀ ဝန်းကျင်ကို ပြည်နှင်ဒဏ်ပေးမည့်ကိစ္စအတွက် အိန္ဒိယက ထရမ့်ပ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ အုတ်ကန်များကိုအဘိတ်ဆေးထည့်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန် ကျောင်းဝင်းအတွင်းရှိ အုတ်ကန်များအတွင်း အဘိတ်ဆေးထည့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ(Photo News)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ယင်း ခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း သူ၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အဖွင့်အမှာစကားတွင် “ဒီတွေ့ဆုံပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။ “အခက်အခဲတွေ ရှိခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “ကျွန်တော်တို့ အတူတကွ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071