Thursday, August 6, 2026

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆...

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ...

ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ "အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း" (Calibrated Re-engagement) မူဝါဒမှာ...
HomeInternationalအရေပြားအစားထိုးကုသမှုများအတွက် ငါးတိန်းအရေခွံကိုသုံးနိုင်

အရေပြားအစားထိုးကုသမှုများအတွက် ငါးတိန်းအရေခွံကိုသုံးနိုင်

ဒေသအခေါ် “bangus” ဟု သိကြသည့် ငါးတိန်း(milkfish)သည် အရေပြားခွဲစိတ်ကုသမှုများအတွက် ဈေးချိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော အရင်းအမြစ်အသစ်တစ်ခုဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ ထိပ်တန်းသုတေသနအင်စတီကျူမှ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

အရေပြားအစားထိုးခြင်းသည် မီးလောင်ဒဏ်ရာများ၊ ထိခိုက်နာများ၊ နာတာရှည်အနာများနှင့် ကင်ဆာတို့ကို ကုသရန်အတွက် ခွဲစိတ်မှုတစ်ခုဖြစ်သည်။

သို့သော်လည်း လူ၊ ဝက်နှင့် အရေပြားတုကဲ့သို့ အစဉ်အလာ အရေးပြားအစားထိုးမှုရင်းမြစ်များသည် ငွေကုန်ကြေးကျများပြီး အထူးသဖြင့် ဖိလစ်ပိုင်ကဲ့သို့ ဆင်းရဲသောနိုင်ငံများတွင် အလွယ်တကူ မရရှိနိုင်ပေ။

ဖိလစ်ပိုင်နိုင်ငံမှ ဆရာဝန်များသည် လူ့အရေပြားကဲ့သို့ ကောင်းမွန်ကြောင်း သက်သေပြထားနိုင်သည် Nile တိလားပီးယားငါးအရေခွံကို အစားထိုးပတ်တီးတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်က၍ အသုံးပြုခဲ့ကြသည်။

အမှိုက်အဖြစ်သာ စွန့်ပစ်လေ့ရှိသည့် ငါးတိန်းအရေခွံသည် အသုံးဝင်သည့် အလားအလာများစွာရှိနေသည်ဟု မနီလာမြို့တော်ရှိ Ateneo ရေနှင့် ငါးလုပ်ငန်းအရင်းအမြစ်ဓါတ်ခွဲခန်းမှ သုတေသီများက ပြောကြားခဲ့သည်။

မိမိတို့၏ လေ့လာချက်အရ ပိုးသတ်ထားသော ငါးတိန်းအရေခွံသည် ကော်လာဂျင်မြင့်မားမှုကို ထိန်းထားပြီး အဏုဇီဝပိုးမွှားများစွဲကပ်မှုကင်းစင်ကာ တိလားပီးယားအရေခွံနှင့် ယှဉ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဦးဆောင်သုတေသီ ဒေါက်တာ Janice Ragaza က ပြောဆိုခဲ့သည်။

တိလားပီးယားအရေခွံကဲ့သို့ပင် ငါးတိန်းအရေခွံသည် အစိုဓါတ်နှင့် ပရိုတိန်းဆုံးရှုံးခြင်းကို ကာကွယ်ပေးသောကြောင့် အနာကျက်မြန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်ဟု ဆိုထားသည်။

ငါးတိန်းအရေခွံသည် တိလားပီးယားကဲ့သို့ပင် တိရိစ္တာန်ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော ဝက်၊ ဖားပြုတ်အရေပြားများထက် ပိုကောင်းသည်။ ထို့အပြင် ဝက်၊ နွား၊ သိုးများမှ ထုတ်ယူရရှိသော ကော်လာဂျင်နှင့် ဆက်စပ်သည့် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အတားအဆီးများကိုလည်း ငါးတိန်းက ကျော်လွှားနိုင်သည်။

လူ့အရေပြားဘဏ်များသည် အလှူရှင်များအပေါ်တွင် ကြီးကြီးမားမား မှီခိုနေရသည်လည်းဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး၍ စစ်ဆေးချက် အစီရင်ခံစာ (Test Report) များ ထုတ်ပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် စစ်ဆေးရေးတွင် ပိုမိုအထောက်အကူပြုစေရေးနှင့် စီးပွားဖြစ်...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ဝါစေ့ဆီထုတ်လုပ်ရေးစက်များ၊ ချည်မျှင်ထုတ်လုပ်ရေးစက်များ တည်ထောင်ခြင်းနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက နေ ပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာ ဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071