Monday, August 3, 2026

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌...

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ...

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

တရုတ်-ရုရှားကုန်သွယ်ရေး ပုံမှန်အတိုင်းဆက်ရှိနေမည်–ပေကျင်း

မြူးနစ်၊ဖေဖော်ဝါရီ ၁၅ ရေနံနှင့်သဘာဝဓါတ်ငွေ့ဝယ်ယူခြင်းဖြင့် တရုတ်က ရုရှား ကို ထောက်ပံ့နေသည်ဟူသော သံသယများကြားမှပင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးသည် ပုံမှန်အတိုင်းဆက်ရှိနေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြူးနစ်လုံခြုံရေးညီလာခံ၌ "China in the World" ဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေများဖြေကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့်ရုရှားတို့သည် အဓိကအားဖြင့် နယ်နိမိတ်ချင်း...

ရုရှားနှင့် အမေရိကန် ခေါင်းဆောင်များ...

အမည်မဖော်လိုသူ သတင်းရင်းမြစ်များ၏‌ပြောကြားချက်အရ ရုရှားနှင့် အမေရိကန်တို့မှ အကြီးတန်းအရာရှိများသည် လာမည့်အပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ ထို့အပြင် နိုင်ငံနှစ်ခုမှ ခေါင်းဆောင်များအကြား တွေ့ဆုံမှုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်နိုင်ပြီး ယင်းတွေ့ဆုံမှုတွင် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် အဖြေရှာမှုများကို...

နူးဒေလီ ရထားဘူတာရုံတွင် လူအုပ်ပိ၍...

အိန္ဒိယနိုင်ငံ မြို့တော် နူးဒေလီရှိ မီးရထားဘူတာရုံတစ်ခုတွင် Mahakumbh Mela ဘာသာရေးပွဲတော်သို့ သွားရောက်ရန် ရထားစောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည် တစ်ဦးနှင်တစ်ဦး တိုးကြိတ်တက်နင်းကြသဖြင့် အမျိုးသမီး ၁၀ ဦးနှင့် က-လေး ၃ ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့သည်။ မြို့တော်၏ အရှေ့တောင်ဘက်...

အာဆီယံ အစည်းအဝေးတက်ရန်သက်ဆင်၏ဘရူနိုင်းခရီးစဉ်ကို တရားရုံးက...

ဘရူနိုင်းနိုင်ငံတွင် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုရန် သက်ဆင် ရှင်နာဝပ်ထရာ၏ တောင်းဆိုချက်ကို ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက ခွင့်ပြုပေးလိုက်သည်။ ဝန်ကြီးချုပ်ဟောင်းအနေဖြင့် ဘတ် ၅ သန်း အာမခံဖြင့် နေထိုင်ခဲ့ရပြီးနောက် ဒုတိယအကြိမ်မြောက် တိုင်းပြည်မှ ထွက်ခွာခွင့်ရခြင်းဖြစ်သည်။ သို့ရာတွင် ယင်းကာလအတွင်း ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့...

ယူကရိန်းစစ်ပွဲနှင့် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်...

ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သက်သူအားလုံးကို ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများတွင် ပါဝင်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပြီး ပဋိပက္ခဖြေရှင်းရေးတွင် ဥရောပ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေး‌ပြောကြားခဲ့သည်။ ဥရောပတွင် မျှတပြီး ရေရှည်တည်တံ့သော လုံခြုံရေးမူဘောင်တစ်ရပ် လိုအပ်သည်ဟု မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလေးပေး ပြောကြားခဲ့သည်။ “တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့အားလုံးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ...

အမေရိက,က အနို-င်ကျင့်လာပါကတရုတ်လည်းတုန့်ပြန်ရန်သာရှိ–ဝမ်ယိ

မြူးနစ်၊ဖေဖော်ဝါရီ ၁၅ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများသည် အနို-င်ကျင့်သည့်နည်းလမ်းတစ်ခုဖြစ်ပြီး ပေကျင်းကလည်း ပြန်လည်တုန့်ပြန်သွားရန်သာရှိကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြောကြားလိုက်သည်။ "အမေရိကအနေနဲ့ တရုတ်နဲ့အတူ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ဆန္ဒမရှိရင် တရုတ်ဘက်ကလည်း ထပ်တူတုန့်ပြန်သွားမှာပါ" ဟု မြူးနစ်လုံခြုံရေးညီလာခံ၌ ဝမ်ယိကထုတ်ဖော်ပြောကြားခဲ့သည်။ ထရမ့်ပ်အစိုးရသည် ၎င်း၏ဒုတိယသက်တမ်းအတွင်း တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းချမှတ်ခဲ့သည်။ ပေကျင်းကမူ အနည်းငယ်သော အမေရိကန်ကုမ္ပဏီများကိုပစ်မှတ်ထားကာ...

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။ “သူက...

AFC U20 အာရှဖလားပြိုင်ပွဲတွင်...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟီဆာတစုဂု အီရှီ က ၁၄...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!