Tuesday, August 4, 2026

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...
HomeInternationalရုရှားနှင့် အမေရိကန် ခေါင်းဆောင်များ...

ရုရှားနှင့် အမေရိကန် ခေါင်းဆောင်များ ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်ဟု သတင်းထွက်ပေါ်

အမည်မဖော်လိုသူ သတင်းရင်းမြစ်များ၏‌ပြောကြားချက်အရ ရုရှားနှင့် အမေရိကန်တို့မှ အကြီးတန်းအရာရှိများသည် လာမည့်အပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ ထို့အပြင် နိုင်ငံနှစ်ခုမှ ခေါင်းဆောင်များအကြား တွေ့ဆုံမှုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်နိုင်ပြီး ယင်းတွေ့ဆုံမှုတွင် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် အဖြေရှာမှုများကို ဆွေးနွေးမည်ဟု သိရသည်။ ထို့အပြင် ယင်းတွေ့ဆုံမှုသည် လက်ရှိလကုန်မတိုင်မီ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ကိုယ်စားလှယ်များသည် ရမ္မာဒါန်လမစတင်မီ ထိပ်သီးအစည်းအဝေး၏ ရက်စွဲကို သတ်မှတ်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

Bloomberg သတင်းဌာန၏ဖော်ပြချက်အရ ယင်းတွေ့ဆုံမှု၏ အသေးစိတ်အချက်အလက်များနှင့် ပါဝင်မည့်သူများ၏ စာရင်းကိုမူ အတည်ပြုဆဲဖြစ်ကြောင်းသိရသည်။ ဆော်ဒီအာရေဗျနိုင်ငံမှ နိုင်ငံအဆင့် လုံခြုံရေးဝန်ကြီး Musaed bin Mohammed al-Aiban လည်း ယင်းတွေ့ဆုံမှုတွင် ပါဝင်မည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထရမ့်သည် ပူတင်အပြင် ဇယ်လန်စကီးနှင့်ပါ ဖုန်းစကားပြောဆိုခဲ့သည်။ ရုရှားခေါင်းဆောင်နှင့် ဆွေးနွေးပြီးနောက် ထရမ့်သည် ယူကရိန်းနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက သမ္မတနှစ်ဦးသည် “တစ်ဦးနှင့်တစ်ဦး တွေ့ဆုံမှုများအပါအဝင် မျက်နှာချင်းဆိုင်တွေ့ဆုံမှုများ စီစဥ်ရန် သဘောတူညီခဲ့ကြသည်” ဟု ဆိုခဲ့သည်။ ထရမ့်က သူနှင့် ပူတင်တို့၏ တွေ့ဆုံမှုသည် ဆော်ဒီအာရေဗျတွင် ဖြစ်ပေါ်နိုင်ကြောင်း နောက်ပိုင်းတွင် ပြောလာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071