Monday, September 21, 2026

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...
HomeNewsLocal NewsAPEC တွင် ပွဲထုတ်မည့်...

APEC တွင် ပွဲထုတ်မည့် ရှန်ကျန်းမြို့ တွင် Asia-Pacific Media  Forum ကို ၃ ရက်တိုင် ကျင်းပ

ရှန်ကျန်း၊ စက်တင်ဘာ ၅

အာရှ-ပစိဖိတ်ဒေသအတွင်း မီဒီယာပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပြောင်းလဲတိုးတက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်ဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် Asia-Pacific Media Forum (APMF) 2026 ကို တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်တွင် စက်တင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည်။

ယခုနှစ်ဖိုရမ်သို့ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ကြသည်။ ယင်းတို့တွင် အဓိကမီဒီယာအဖွဲ့အစည်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များအပြင် Think Tank များ၊ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။

ဖိုရမ်တွင် အာရှ-ပစိဖိတ်ဒေသ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်မြင့်နည်းပညာခေတ်အတွင်း မီဒီယာလုပ်ငန်း၏ အသွင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများကြောင့် ဖြစ်ပေါ်လာသည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအပြင် ဒေသတွင်း ပြည်သူအချင်းချင်း ဖလှယ်ဆက်ဆံရေးတို့ကို အဓိကထား ဆွေးနွေးကြသည်။

ဖိုရမ်၏ အစီအစဉ်များကို ကွမ်ကျိုး၊ ဒုံးကွမ်၊ ကျူးဟိုင်နှင့် ရှန်ကျန်းမြို့တို့တွင် ခွဲ၍ကျင်းပခဲ့ပြီး ကွမ်ကျိုးဆွေးနွေးပွဲ၌ ဒေသတွင်း ပွင့်လင်းမြင်သာမှု၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းသစ်များ၊ ဒုံးကွမ်ဆွေးနွေးပွဲ၌ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ Smart Technology နှင့် Green Development၊ ကျူးဟိုင်ဆွေးနွေးပွဲ၌ တန်းတူညီမျှမှု၊ အပြန်အလှန်လေ့လာသင်ယူမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ရှန်ကျန်းမြို့တွင်မူ “Shenzhen Story of Chinese Modernization” ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်အတွင်း ရှန်ကျန်း၏ အတွေ့အကြုံနှင့် အခန်းကဏ္ဍကို အဓိကထား မိတ်ဆက်ခဲ့သည်။

အထူးသဖြင့် ၂၀၂၆ ခုနှစ် APEC ဆိုင်ရာ အစီအစဉ်များနှင့် ဆက်စပ်၍  နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ကမ္ဘာသို့ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရေးသည်လည်း ယခုဖိုရမ်၏ အဓိကအစီအစဉ်တစ်ရပ် ဖြစ်လာခဲ့သည်။

ရှန်ကျန်းသည် တရုတ်နိုင်ငံ၏ အဓိကနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဗဟိုချက်တစ်ခုဖြစ်ပြီး၊ နည်းပညာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုအပြင် ပင်လယ်ကမ်းရိုးတန်း၊ တောင်တန်းနှင့် မြို့ပြပန်းခြံများ ပေါင်းစပ်တည်ရှိမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ခေတ်မီမြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားနိုင်သည့် မြို့တစ်မြို့အဖြစ်လည်း မိတ်ဆက်ထားသည်။

APMF ၏အဓိက ဖိုရမ် ဖြစ်သည့် နောက်ဆုံးနေ့အစီအစဉ်ထဲတွင် Sci-Tech Innovation Achievements Exhibition ပါဝင်ကာ နည်းပညာဆန်းသစ်တီထွင်မှုများကို ပြသခဲ့သည်။

ဖိုရမ်တက်ရောက်သည့် နိုင်ငံတကာကိုယ်စားလှယ်များအနေဖြင့် ရှန်ကျန်းနှင့် အနီးဝန်းကျင်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်လေ့လာနိုင်ရန် နည်းပညာမြင့်စက်မှုလုပ်ငန်းများ၊ Smart Manufacturing နှင့် Digital Economy ဆိုင်ရာ နေရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အစိမ်းရောင်မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နေရာများအပြင် ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာ အထင်ကရနေရာများသို့လေ့လာရေးခရီးစဉ်များကိုလည်း စီစဉ်ပေးခဲ့သည်။

အဆိုပါ Asia-Pacific Media Forum 2026 သို့ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်တွင်းပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

တရုတ်နှင့် ပြည်ပ မီဒီယာများ ပူးပေါင်းဆောင်ရွက်မှု ရလဒ်စာချုပ်များ လှဲလှယ်ခြင်း အခမ်းအနားတွင်လည်း မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန က ပါဝင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့်...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071