Sunday, July 5, 2026

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်...

FIFA U-15 World Cup...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် FIFA U-15 World Cup & Festival ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅...

အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး...

အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် (၇)ဆိုင်းပါဝင်ယှဉ်ပြိုင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားက စားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ...

မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်း ညွှန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဝူရှူးအားကစားသမားများ ပိုမိုပေါ်ထွက်လာစေရေးနှင့် မျိုးဆက်သစ်လူငယ်အား ကစားသမားများ မွေးထုတ်နိုင်ရေးကို ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်...
HomeNewsLocal NewsAFC Challenge League...

AFC Challenge League အတွက် အားဖြည့်

ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ရန်ကုန်ယူနိုက်တက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

AFC Challenge League 2026-27 နှင့် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် သီရိလင်္ကာကလပ် Pelicans FC မှ ရုရှားနိုင်ငံသား ညာတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

ဒန်နီရယ်မူဆက်ကင်သည် AFC Challenge League ပြိုင်ပွဲတွင် မွန်ဂိုလီးယားကလပ် SP Falcon အသင်းနှင့် နှစ်ရာသီဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အုပ်စုအဆင့်ပြိုင်ပွဲတွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည်။

ထို့ပြင် SP Falcon အသင်းနှင့်အတူ တစ်ရာသီအတွင်း ချန်ပီယံဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့သလို ထိုင်းကလပ် ချင်းမိုင်အသင်းတွင်လည်း ကစားခဲ့ဖူးပြီးနောက် သီရိလင်္ကာကလပ် Pelicans FC သို့ ပြောင်းရွှေ့ကစားကာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်သည်။

အရပ် ၅ ပေ ၁၁ လက်မရှိသော ဒန်နီရယ်မူဆက်ကင်က “ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေကို အမြန်ဆုံးစတင်ချင်နေပြီး မြန်မာနေရှင်နယ်လိဂ်နဲ့ AFC Challenge League ပြိုင်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ သေချာပြင်ဆင်ထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နေ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး၊ ရှေးဟောင်းကျုံးအတွင်း ရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်းနိုင်ရေးနှင့် ကြာပန်းများဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်းရှိ သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မူလမြို့တွင်း ရေတွင်းနှင့် ရေမြောင်းများကိုလည်း ပြန်လည်တူးဖော် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သည့် တောင်ငူမင်းဆက်များ၏ ထီးမွေနန်းမွေများနှင့်...

FIFA U-15 World Cup & Festival အတွက် မြန်မာယူ-၁၅ လူငယ်လက်ရွေးစင်အသင်း မကြာမီဖွဲ့စည်းမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် FIFA U-15 World Cup & Festival ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကစားသမား ရွေးချယ်ရေးအစီအစဉ်ကို မကြာမီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ MFF သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ (RSFA)၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများ (RTC) တို့နှင့် ပူးပေါင်းကာ အရည်အချင်းရှိသော လူငယ်ကစားသမားများကို စနစ်တကျ ရှာဖွေရွေးချယ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ကစားသမား ရွေးချယ်ရာတွင် အသက်အရွယ် မှန်ကန်မှု၊အထောက်အထား...

အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး ၊

အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် (၇)ဆိုင်းပါဝင်ယှဉ်ပြိုင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားက စားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် လူငယ်လေ့ကျင့်ရေးစခန်း၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကို မြန်မာ့လက်ဝှေ့အားကစား ဖွံ့ ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးဝိတ်တန်း (၂) ပွဲနှင့် အမျိုးသားဝိတ်တန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071