Sunday, July 5, 2026

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင်...

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ...

ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းကုန်းတွင် လယ်ယာနည်းပညာနှင့်...

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ယနေ့ ဇူလိုင် ၅ ရက်က...

ပန်းတနော်မြို့နယ်တွင်လေပြင်းတိုက်ခတ်၍ ဆောက် လုပ်ဆဲ KG...

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင်...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်...
HomeNewsLocal NewsFIFA U-15 World...

FIFA U-15 World Cup & Festival အတွက် မြန်မာယူ-၁၅ လူငယ်လက်ရွေးစင်အသင်း မကြာမီဖွဲ့စည်းမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် FIFA U-15 World Cup & Festival ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကစားသမား ရွေးချယ်ရေးအစီအစဉ်ကို မကြာမီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MFF သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ (RSFA)၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများ (RTC) တို့နှင့် ပူးပေါင်းကာ အရည်အချင်းရှိသော လူငယ်ကစားသမားများကို စနစ်တကျ ရှာဖွေရွေးချယ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကစားသမား ရွေးချယ်ရာတွင် အသက်အရွယ် မှန်ကန်မှု၊အထောက်အထား စာရွက်စာတမ်းများ စိစစ်ခြင်းနှင့် မျှတပွင့်လင်းသည့် ရွေးချယ်မှုစနစ်ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းစနစ်ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ခြေစွမ်း၊ ကြံ့ခိုင်မှုနှင့် စည်းကမ်းပိုင်းတို့ကို အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့ကြီးများမှ ကစားသမားများသာမက တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ အရည်အချင်းရှိ လူငယ်များကိုပါ ပါ ဝင်ယှဉ်ပြိုင်ခွင့်ရရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များ၊ မြို့နယ်တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုရွေးချယ်ရေးအစီအစဉ်တွင် လက်ရှိကျင်းပနေသည့် ယူ-၁၅ လိဂ်ပြိုင်ပွဲမှ ထူးချွန်ကစားသမားများသာမက ဒေသအသီးသီးတွင် အခွင့်အရေးမရရှိသေးသည့် အရည်အချင်းရှိ လူငယ်ကစားသမားများကိုလည်း ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြောင်း MFF က ဆိုသည်။

မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အ သင်းသည် ယခုနှစ်အတွင်း အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် FIFA U-15 World Cup & Festival ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ယင်းပြိုင်ပွဲသည် မြန်မာလူငယ်ကစားသမားများအတွက် နိုင်ငံတကာအတွေ့အကြုံများ ရရှိစေမည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

MFF က ကစားသမားရွေးချယ်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အစီအစဉ်များကို မကြာမီ ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင် ကျင်းပမည်

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ ပူးတွဲလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံရေတပ်ဖွဲ့များသည် ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ထားသော ရေပြင်ဒေသများတွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည့် နှစ်စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းကုန်းတွင် လယ်ယာနည်းပညာနှင့် ထုတ်ကုန်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ယနေ့ ဇူလိုင် ၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ထုတ်ကုန်နှင့် နည်းပညာပြပွဲများမှတစ်ဆင့် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာနည်းပညာများနှင့် ထုတ်လုပ်မှုစွမ်းအားမြင့် စက်ကိရိယာများကို ပိုမိုသိရှိအသုံးချနိုင်မည်ဖြစ်ပြီး ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ပြပွဲနှင့်အတူ Rice Export Zoneစီမံချက်အရ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသွင်းအားစုများကို ကျောင်းကုန်း၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များမှ တောင်သူများထံ...

ပန်းတနော်မြို့နယ်တွင်လေပြင်းတိုက်ခတ်၍ ဆောက် လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က (တာပတ်ကြီး)ရှိ ဆောက်လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071