Sunday, July 5, 2026

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင်...

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ...

ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းကုန်းတွင် လယ်ယာနည်းပညာနှင့်...

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ယနေ့ ဇူလိုင် ၅ ရက်က...

ပန်းတနော်မြို့နယ်တွင်လေပြင်းတိုက်ခတ်၍ ဆောက် လုပ်ဆဲ KG...

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင်...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တည်ရှိခဲ့သော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်...
HomeNewsLocal Newsအိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ...

အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး ၊

အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် (၇)ဆိုင်းပါဝင်ယှဉ်ပြိုင်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားက စားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် လူငယ်လေ့ကျင့်ရေးစခန်း၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကို မြန်မာ့လက်ဝှေ့အားကစား ဖွံ့ ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးဝိတ်တန်း (၂) ပွဲနှင့် အမျိုးသားဝိတ်တန်း (၅)ပွဲ စုစုပေါင်း (၇) ပွဲ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည်။

အမျိုးသမီး (၅၁ ကီလို) ဝိတ်တန်းတွင် ပြည့်ပြည့်စုံနှင့် သီရိဇင်၊ အမျိုးသမီး (၅၄ ကီလို) ဝိတ်တန်းတွင် ဟန်နီသိမ့်နှင့် ချစ်သဲဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပွဲစဉ်များတွင် (၅၄ ကီလို) ဝိတ်တန်း၌ ဇဖဲထန်နှင့် ထက်နိုင်အောင်၊ (၅၇ ကီလို) ဝိတ်တန်း၌ ကျော်ဇောလှိုင်နှင့် မင်းခန့်ကျော်၊ (၆၀ ကီလို) ဝိတ်တန်း၌ သီဟနှင့် ဒီပ၊ (၆၃ ဒသမ ၅ ကီ လို) ဝိတ်တန်း၌ ဂင့်ရှန်းမွောင်နှင့် သူရအောင်၊ (၇၁ ကီလို) ဝိတ်တန်း၌ ချစ်လင်းဇော်နှင့် မြတ်ဘုန်းလျှံတို့ အသီးသီး ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဝိတ်တန်းအလိုက် အနိုင်ရရှိခဲ့သည့် အားကစားသမားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင် ကျင်းပမည်

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်အရ ပူးတွဲလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံရေတပ်ဖွဲ့များသည် ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ထားသော ရေပြင်ဒေသများတွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည့် နှစ်စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းကုန်းတွင် လယ်ယာနည်းပညာနှင့် ထုတ်ကုန်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ယနေ့ ဇူလိုင် ၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ထုတ်ကုန်နှင့် နည်းပညာပြပွဲများမှတစ်ဆင့် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာနည်းပညာများနှင့် ထုတ်လုပ်မှုစွမ်းအားမြင့် စက်ကိရိယာများကို ပိုမိုသိရှိအသုံးချနိုင်မည်ဖြစ်ပြီး ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ပြပွဲနှင့်အတူ Rice Export Zoneစီမံချက်အရ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသွင်းအားစုများကို ကျောင်းကုန်း၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များမှ တောင်သူများထံ...

ပန်းတနော်မြို့နယ်တွင်လေပြင်းတိုက်ခတ်၍ ဆောက် လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၅ ရက်နေ့လည် ၁ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က (တာပတ်ကြီး)ရှိ ဆောက်လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071