Thursday, May 29, 2025

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....
HomeNewsLocal Newsရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားများ ၏...

ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားများ ၏ ပြေးဆွဲချိန်ပြောင်းလဲ

ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေသည့် လေအိတ်အမြန်ရထားများ၏ ပြေးဆွဲချိန်အား ဒီဇင်ဘာ ၂၀ ရက်(မနက်ဖြန်)မှစတင်၍ ပြေးဆွဲချိန်ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထား အ မှတ်(၈၁)အဆန်သည် ရန်ကုန်ဘူတာကြီးမှနံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ ညနေ ၄ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

ထို့ပြင် မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရ ထားအမှတ်(၈၂)အစုန်သည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီခွဲတွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ၌ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

အမှတ်(၈၁)အဆန်နှင့်အမှတ်(၈၂)အစုန် လေအိတ်အမြန်ရထားများသည် တိုးကြောင်ကလေးဘူတာ၊ ပဲခူးဘူတာ၊ သိမ်ဇရပ်ဘူတာ၊ ကျိုက်ထိုဘူတာ၊ တောင်စွန်းဘူတာ၊ နှင်းပုလဲဘူတာ၊ သထုံဘူတာနှင့်ပေါင်ဘူတာတို့တွင် ရပ်တန့်မည်ဖြစ် ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရ ထားအမှတ်(၈၉)အဆန်သည် ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ ၅ နာရီ ၄၅ ၌ရောက်ရှိမည်ဖြစ်ကာ မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရထား အမှတ်(၉၀)အစုန်ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၉ နာရီ ၁၅ မိနစ်၌ စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှတ်(၈၉)အဆန်၊ အမှတ်(၉၀)အစုန် လေအိတ်အမြန်ရထားတို့သည် တိုးကြောင်က လေးဘူတာ၊ ပဲခူးဘူတာ၊ ဝေါဘူတာ၊ သိမ်ဇရပ်ဘူတာ၊ မုပ္ပလင်ဘူတာ၊ ကျိုက်ကသာဘူတာ၊ သထုံဘူတာ၊ မရမ်းကုန်းဘူတာ၊ တောင်စွန်းဘူတာ၊ နှင်းပုလဲဘူတာ၊ သိမ်ဆိပ်ဘူတာ၊ သထုံဘူတာ၊ ရင်းငြိမ်ဘူတာ၊ ဇင်းကျိုက်ဘူတာ၊ ပေါင်ဘူတာနှင့်မုတ္တမဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ် သည်။

ရထားလက်မှတ်ခများအား အထက်တန်း ၇၀၅၀ ကျပ်၊ ရိုးရိုးတန်း ၃၅၅၀ ကျပ်သတ်မှတ်ထားကာ အထက်တန်းလက်မှတ်များအား ၃ ရက်ကြိုတင်နှင့်ရိုးရိုးတန်းလက်မှတ်များအား ၁ ရက်ကြိုတင်စ နစ်တို့ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့်ဒုံးဝန်းဘူတာကြား၌ ကုန်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ညရထားခရီးစဥ်များအား ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့သည်။ ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ မေ ၂၉ ရက်နေ့လည်မှ ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ရောက်ရှိ

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယမန်နေ့ မေလ (၂၈)ရက်က လက်ခံရယူခဲ့သည်။ အဆိုပါ ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဆောင်စီတည်ဆောက်ပေးသွားမည်ဟုလည်း သိရသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လ ပထမပတ်အတွင်း ကျောင်းများအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071