တရုတ်၌ လာမည့် ၁၂နှစ် အတွင်း နျူထိပ်ဖူးပေါင်း ၁,၅၀၀ အထိရှိလာနိုင်ဟု ပင်တဂွန်ဆို

0
195

ဝါရှင်တန်၊နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံသည် ၎င်း၏နျူကလီးယားတည်ဆောက်မှုနှုန်းကို ယခုအခြေအနေအတိုင်း ဆက်လက်လုပ်ဆောင်သွားပါက နောက်လာမည့် ၁၂ နှစ်အတွင်း နျူထိပ်ဖူးပေါင်း ၁,၅၀၀ အထိရှိလာနိုင်သည်ဟု ပင်တဂွန်၏ထုတ်ပြန်ချက်အရသိရှိရသည်။

လက်ရှိတွင်တရုတ်နိုင်ငံဘက်မှ နျူနှင့်ပတ်သက်၍ ထပ်မံအရှိန်တိုးမြှင့်သည့်အခြေနေမျိုးမမြင်ရသော်လည်း အဆိုပါပမာဏသည် အမေရိကအတွက်စိုးရိမ်စရာဖြစ်လာစေသည်။

ပင်တဂွန်၏ နှစ်စဉ်အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံတွင် နျူထိပ်ဖူးပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။

သို့သော်တရုတ်ကမူ ၎င်း၏နျူထိပ်ဖူးပမာဏသည် ရုရှားနှင့်အမေရိကတို့ထက် နည်းပါးနေပြီး၎င်းအနေဖြင့်ဆွေးနွေးရန်လည်းအသင့်ရှိသည်ဟုဆိုသည်။

သို့သော်ထိုသို့ဆွေးနွေးနိုင်ရန် အမေရိကအနေဖြင့် ၎င်း၏နျူထိပ်ဖူးပိုင်ဆိုင်မှုအား တရုတ်နှင့်တန်းတူဖြစ်သည်အထိ လျှော့ချပေးရမည်ဟုဆိုခဲ့သည်။

လက်ရှိအချိန်တွင် အမေရိက၌နျူထိပ်ဖူးပေါင်း ၃,၇၀၀ ခန့်ပိုင်ဆိုင်ထားပြီး ၁,၇၄၀ ခန့်အား တပ်စွဲထားသည်ဟု စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန (SIPRI)မှသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here