၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းအရအင်္ဂလန်နှင့် ဝေးလ်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ထက်ဝက်အောက် ကျဆင်းလာ 

0
257

အင်္ဂလန်နှင့် ဝေးလ်ပြည်နယ်တို့တွင် ခရစ်ယာန်ဘာသာမှာ လူနည်းစု ကိုးကွယ်သည့် ဘာသာဖြစ်လာကြောင်း ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချက်အရ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်နှင့် ဝေးလ်ပြည်နယ်ရှိ ထက်ဝက်နည်းသော လူဦးရေ ၂၇ ဒသမ ၅ သန်းသည်သာ ခရစ်ယာန် ဘာသာဝင်အဖြစ် ဖော်ပြခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၅ ဒသမ ၅ သန်း လျော့နည်းလာခဲ့သည်။

ရာခိုင်နှုန်းအရ ၂၀၂၁ ခုနှစ်တွင် ခရစ်ယာန်ဘာသာဝင် ၅၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာ ယခုအခါ ၄၆ ဒသမ ၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

ထိုသို့ ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘာသာမဲ့များ သိသိသာသာ တိုးလာခြင်းကြောင့် ဖြစ်ကြောင်း သန်းခေါင်းစာရင်း ကောက်ယူမှုတွင် ရှာဖွေတွေ့ရှိထားသည်။

ဘာသာမဲ့ လူဦးရေမှာ ဆယ်စုနှစ်တစ်ခုအတွင်း ၈ ဒသမ ၅ သန်း တိုးလာပြီး ၂၂ ဒသမ ၂ သန်းအထိ ရှိလာသည်။ ထိုပမဏမှာ အင်္ဂလန်နှင့် ဝေးလ်ပြည်နယ်ရှိ လူဦးရေ၏ သုံးပုံတစ်ပုံကျော် ဖြစ်သည်။

ယခုနှုန်းထားအတိုင်း ဆက်သွားနေပါက ဆယ်စုနှစ်တစ်ခုအတွင်း ခရစ်ဘာသာဝင်ထက် ဘာသာမဲ့များ ပိုများလာမည်ဖြစ်သည်။

Source:The Guardian

 


LEAVE A REPLY

Please enter your comment!
Please enter your name here