ရနောင်းခရိုင်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံး စွဲသည့် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ၈ ဦးအား ဖမ်းဆီးရမိခဲ့

0
168

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်တွင် နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက ရနောင်းခရိုင်၊အမှတ်(၂၅)ခြေလျင်အထူးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၉ နာရီခန့်က ရနောင်းခရိုင်၊အမှတ် (၂၅)ခြေလျင်အထူးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ ကရမြို့နယ်နေ ထိုင်းနိုင်ငံသား နိုင်စုန်ဖော နေအိမ်အားဝင်ရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေး(၂၁ ဒသမ ၆၇ ဂရမ်)အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ မူးယစ်ဆေးဝါးရောင်းဝယ်သုံစွဲရာ၌ ပါဝင်သူများဖြစ်သည့် ထိုင်းနိုင်ငံသား နိုင်ဒမ်လုန်နှင့်နမ်းဖွန်တို့ကိုည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထပ်မံ၍ ပါဝင်သူ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ထပ်မံစစ်ဆေးချက်များအရ မူးယစ်ဆေးဝါးရောင်းဝယ်သူ မြန်မာနိုင်ငံသား နိုင်ငယ်အား မူး ယစ်ဆေးဝါး(၉၀၅ ဒသမ၅၇ ဂရမ်) ၎င်းအားမူး ယစ်ဆေးဝါးများရောင်းချရန်စေခိုင်းသည့် မြန်မာ နိုင်ငံသူ မဇင်ဇင် အားမူးယစ်ဆေးဝါး (၃ ကီလို) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဥပဒေအရအ ရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here