စပါးတင်နေသည့် ထော်လာဂျီအား တွဲကားကဝင်တိုက်၍ ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရမှု ဥက္ကံမြို့တွင်ဖြစ်ပွား

0
322

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့တွင် နိုဝင် ဘာ ၂၇ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာရေစင်လူနာတင်ယာဥ်အသင်း(ဥက္ကံမြို့)မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က ဥက္ကမြို့၊တောညိုကျေးရွာတွင် စပါးတင်နေသည့် ထောလာဂျီအား တွဲကကအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် ထော်လာဂျီပေါ်ရှိ ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မေတ္တာရေစင်လူနာတင်ယာဥ်အသင်း(ဥက္ကံမြို့)က တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

“တွဲကားက ဝင်တိုက်ပြီး နှစ်စီးလုံးလမ်းဘေးကိုထိုးကျသွားတယ် ဒဏ်ရာရတာကတော့ ၂ ယောက်ထဲပါ တွဲကားမောင်းတဲ့လူလည်း အခင်း ဖြစ်တဲ့နေရာမှာရှိပါတယ်”ဟု မေတ္တာရေစင်လူနာတင်ယာဥ်အသင်း(ဥက္ကံမြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here