တပ်မတော်ဝါစိုက်ပျိုးရေးတပ်များအနေဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်၍ တပ်မတော်၏ ဝါဂွမ်းလိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
221

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းက မကွေးတိုင်းရှိ တပ်မ တော်ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)သို့ သွားရောက်စစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းသည် ဝါထွက်ရှိသည့် ဒေသဖြစ်ပြီး တပ်မတော်ဝါစိုက်ပျိုးရေးတပ်များအနေဖြင့် တပ် မတော်စက်ရုံများအတွက်လိုအပ်သည့် ဝါဂွမ်းများကို ပြည့်မီအောင်စိုက်ပျိုးထုတ်လုပ်ပေးနိုင်ရမည်ဟု ပြောသည်။

“တစ်ဧကအထွက်နှုန်း နည်းပါးနေသေးပေမယ့် အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ပြီး တပ်မ တော်ရဲ့ ဝါဂွမ်းလိုအပ်ချက်ပြည့်မီအောင်ဆောင် ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့အတူ ပိုလျှံစိုက်ဧကများအား မွေးမြူရေးလုပ် ငန်းများဆောင်ရွက်ခြင်းဖြင့် တိရိစ္ဆာန်စွန့်ပစ်ပ စ္စည်းများမှ မြေဩဇာရရှိနိုင်မည်ဖြစ်ကာ စိုက် ပျိုးရေးတွင် အဓိကလိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊မြေဆီမြေလွှာကောင်းမွန်အောင်မြေပြုပြင်ရေးစိုက်ပျိုးရေလုံလောက်စွာရရှိရေး၊စိုက်နည်းစနစ်များ မှန်ကန်ရေးတို့ကို မှန်မှန်ကန်ကန်ဆောင်ရွက်၍ အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

စိုက်ပျိုးဧရိယာပတ်လည်အား အရိပ်ရလေကာပင်များစိုက်ပျိုး၍ စိမ်းလန်းစိုပြေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုများအား လက်တွေ့ကျကျအောင်မြင်အောင် ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌအား စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်က တပ်မတော်ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)တပ်သ မိုင်းအကျဉ်း၊ရည်မှန်းချက်တာဝန်နှင့်စိုက်ပျိုးရာ သီအလိုက် လုပ်ငန်းစီမံချက်ဇယားချမှတ်၍ ဆောင်ရွက်လျက်ရှိမှု၊တပ်မတော်ဝါစိုက်ပျိုးရေးတပ်(လွန်ကျော်)၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့်စိုက်ဧကအလိုက် စိုက်ပျိုးရေလုံလောက်စွာရရှိရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် တပ်မတော်ဝါစိုက် ပျိုးရေးတပ်(ပွင့်ဖြူ)အတွင်း ဝါစိုက်ပျိုးထားရှိမှုနှင့်ဝါဂွမ်းထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here