ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူများသည်ငြိမ်းချမ်းရေးသာလိုလားဟုတရုတ်ပြော

0
247

ပေကျင်း၊နိုဝင်ဘာ ၂၇

ထိုင်ဝမ်၏ လက်ရှိအာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ၏ လုပ်ဆောင်မှုများကြောင့် ကျွန်းပေါ်ရှိလူထု၏ အဓိကသဘောထားသည် ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ကောင်းမွန်သောဘဝသာဖြစ်သည်ဟု ထိုင်ဝမ်ဒေသတွင်းရွေးကောက်ပွဲရလဒ်များအရ တရုတ်အစိုးရကသုံးသပ်ပြောကြားခဲ့သည်။

ငြိမ်းချမ်းသောဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ပြည်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးနှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကိုမူ ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဟု တရုတ်(တိုင်ပေ)ရေးရာရုံးမှ တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆင်ဟွာသတင်းဌာနတွင်ပါရှိသည်။

ယခုတစ်ကြိမ်ကျင်းပသည့်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီသည် ရှုံးနိမ့်မှုများနှင့်ကြုံတွေ့ခဲ့ရပြီး သမ္မတဆိုင်အင်ဝမ်သည်လည်း ပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်းသိရှိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here