ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၃၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်ပစ္စတိုသေနတ် ၁ လက်ဖမ်းမိ

0
1588

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်၊တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် တာကော်တံတားပူးပေါင်းစစ် ဆေးရေးဂိတ်တွင် ကာလိမြို့ဘက်မှမိုင်းပျဉ်းမြို့ဘက်သို့ စိုင်းစံ(၃၈)နှစ် မောင်းကာ စိုင်းပွမ်မွန်း (၂၃)နှစ် လိုက်လာသည့် ALPHARD ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ဝှက်၍သယ်သည့် ငွေကျပ်သိန်း ၂၈၃၀ သိန်းတန်ဖိုးရှိ ကက်တမင်း(၂၁ ကီလို)၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်အမှုန့် (Happy Water)(၉၅၀ ဂရမ်)နှင့်ပစ္စတိုသေနတ် ၁ လက်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အဆိုပါ မူး ယစ်ဆေးဝါးများအား ၎င်းတို့အတူတကွသယ် ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ကာလိနယ်မြေရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here