ထရမ့်နှင့် သူ၏ သားသမီးများအား လိမ်လည်မှုနှင့် တရားစွဲဆို

0
124

ထရမ့်နှင့် သူ၏ သားသမီးများအား လိမ်လည်မှုနှင့် တရားစွဲဆို

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သူ၏ သားနှစ်ဦးဖြစ်ကြသည့် ဒေါ်နယ်ထရမ့်ဂျူနီယာ၊ အီးရစ်ထရမ့်နှင့် သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်တို့အား နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးမှ လိမ်လည်မှုဖြင့် စက်တင်ဘာ ၂၀ရက်နေ့က တရားစွဲဆိုလိုက်သည်။

အိမ်ခြံမြေရောင်းဝယ်ရေးများပြုလုပ်ရာတွင် မမှန်ကန်သောပြသမှုများ၊ အခွန်ရှောင်ရန်အတွက် မမှန်ကန်သော တန်ဖိုးချပြမှုများဖြင့် နယူးယောက်ရှေ့နေချုပ် Letitia James က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုခြင်းအတွက် နမူနာဖြစ်ရပ် ၂၀၀ ကျော်ကို ဖော်ထုတ်တင်ပြနိုင်ကြောင်း ရှေ့နေချုပ် Letitia James ကပြောကြားသည်။ ထိုအပြင် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိကာလများအတွင် ဒေါ်နယ်ထရမ့်၏ Trump Organization သည် မှားယွင်းစွာလုပ်ဆောင်မှု များစွာပြုလုပ်ခဲ့ကြောင်းကိုလည်း သူကစွပ်စွဲထားသည်။

Ref: Trump, adult children sued by New York attorney general for fraud


LEAVE A REPLY

Please enter your comment!
Please enter your name here