လမိုင်းမြို့တွင် ကားပြင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

လမိုင်းမြို့တွင် ကားပြင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
September 22, 2022 Popular Journal

လမိုင်းမြို့တွင် ကားပြင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ်၊လမိုင်းမြို့၊လမိုင်း-ကော့ဒွတ်ကျေး ရွာသွားကားလမ်း၏ ကားတာယာပြင်သည့်ဆိုင်၌ စက်တင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက ကားပြင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက လမိုင်း-ကော့ဒွတ်ကျေးရွာသွားကားလမ်းဘေးရှိ ကားတာယာပြင်ဆိုင်၌ ကားပြင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ရုပ်အလောင်းအား လမိုင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ကားပြင်နေတဲ့အချိန်ဝင်ပစ်သွားတာ ပစ်တဲ့အ ချက်ရေကတော်တော်များတယ် ခေါင်းမှာလည်းထိတယ် ခန္ဓာကိုယ်လည်းထိသွားတယ်”ဟု ဒေ သခံတစ်ဦးကပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက လမိုင်းမြို့အဝင်အထွက်နှင့်လမိုင်း-ကော့ဒွတ်သွားကားလမ်းပေါ်တို့၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*