မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ် ပေါင်းသင်းစေခဲ့ပြီး ငွေကြေး ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

0
137

မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ် ပေါင်းသင်းစေခဲ့ပြီး ငွေကြေး ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

မြန်မာ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံမြို့သစ်နေ သာယာအောင် (ခ)အာယာဆိုသူသည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်နေ မ —၂၄ နှစ်ကို တရုတ်နိုင်ငံရှိ မီးလုံးစက်ရုံတွင် အလုပ်လုပ်ရမည် လစာ(၈)သိန်းကျပ်ခန့်ရမည်၊ စားရိတ်ငြိမ်းပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် အဓမ္မလက်ထပ် ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သည့်အတွက် ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၂၃၂၉/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။

အနောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၂၁ ရက်တွင် တရားခံ သာယာအောင်(ခ)အာယာ ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here