Monday, June 9, 2025

မြန်မာနှင့် အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်အသင်း...

မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ...

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ...

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့်...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...
HomeNewsLocal Newsထားဝယ်-မြိတ် ကားလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီး...

ထားဝယ်-မြိတ် ကားလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဖောက်ခွဲတိုက်ခိုက်ခံရ၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူ ၁ ဦး မိုင်းစထိမှန်

ထားဝယ်-မြိတ် ကားလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဖောက်ခွဲတိုက်ခိုက်ခံရ၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူ ၁ ဦး မိုင်းစထိမှန်

ထားဝယ်-မြိတ် ကားလမ်းပေါ်၌ ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဉ်မောင်းနှင့် ခရီးသွားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်း အောင်ဌေး(ခ)မင်းမင်း (ဘ)ဦးအောင်မင်း မောင်းနှင်၍ ယာဉ်နောက်လိုက် ဇော်လွင် (ဘ)ဦးမြင့်လွင်နှင့် ကော့သောင်းမြို့မှ ခရီးသည် ကျား ၄ ဦး၊ မ ၁ ဦး၊ ပေါင်း ၅ ဦး လိုက်ပါလာသည့် ယူတင်အိုအေစစ် အမည်ရှိ ခရီးသည်တင် Townace အမျိုးအစား ယာဉ်သည် ထားဝယ်-မြိတ် ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြားတွင် အမည်မသိလက်နက်ကိုင်များက လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ဌေးနှင့် ခရီးသည် မခက်ခက်လှိုင်(ဘ) ဦးတင်ဝင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်တွင် သွားလာလျက်ရှိသည့် ယာဉ်များအား အကြောင်းမဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှင့် အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ

မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ - ပါကစ္စတန် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ဇွန် (၉) ရက် ညနေ (၄) နာရီခွဲအချိန်တွင် သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်ဘက်အသင်းတို့ Official Training ပြုလုပ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲကျင်းပရန် (၁) ရက်သာလိုတော့ပြီး ဇွန် (၁၀) ရက် ညနေ (၅)နာရီအချိန်၌ ရန်ကုန်မြို့၊...

ONE တွင် နာမည်ရလာသည့် ရိုးရာဖိုက်တာ သွေးလင်းထက် Lumpinee – 112 ပွဲစဉ်တွင် ဒုခေါင်တွဲဆိုင်းအနေဖြင့် ထိုးသ -တ်ရမည်

လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ ခရစ်ပက်ချ်သည် ONE တွင် (၅)ပွဲထိုး (၃) ပွဲရှုံး (၂)ပွဲ နိုင်ရလဒ်ပိုင်ဆိုင်ထားသည့် မာဂုဏ်မြင့် ဖို-က်တာတစ်ဦး ဖြစ်သည်။ ယခုပွဲစဉ်အတွင်း ရိုးရာဖိုက်တာ (၃) ဦးအထိ ပါဝင်ထိုးသ - တ်သွားမည်ဖြစ်ကာ၊ ရိုးရာဖိုက်တာ မိုးထက်အောင်နှင့်မျက်နှာသစ် ရိုးရာဖိုက်တာ စောမင်းမင်းဆိုသူလည်း ပါဝင်လာသည်။ ရိုးရာဖိုက်တာ မိုးထက်အောင်မှာ မွေထိုင်းဖိုက်တာ...

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071