မြောက်ဥက္ကလာပအဝိုင်းရှိ ယာဉ်ထိန်းရုံးအနီးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံးတွေ့ ရှင်းလင်းနိုင်ခဲ့

0
156

မြောက်ဥက္ကလာပအဝိုင်းရှိ ယာဉ်ထိန်းရုံးအနီးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံးတွေ့ ရှင်းလင်းနိုင်ခဲ့

 

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊မြောက်ဥက္ကလာပအဝိုင်းရှိ ယာဥ်ထိန်းရုံးအနီးတွင် စက် တင်ဘာ ၁၄ ရက်(ယနေ့)နံနက်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၂ လုံးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က မြောက်ဥက္ကလာပအ ဝိုင်း၏ ယာဥ်ထိန်းရုံးအနီးတွင် လက်လုပ်ဗုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက လမ်းမကြီးအားယာယီပိတ်ဆို့၍ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လက်လုပ်ဗုံး ၂ လုံးအား ဖောက်ခွဲရှင်းလင်းခဲ့ကြကြောင်း သိရသည်။

“ဗုံးရှင်းလင်းတော့ လမ်းတွေကိုပိတ်ပစ်လိုက်တယ် အနီးနားကကားတွေကိုလည်းဖယ်ခိုင်းပြီးတော့မှ ရှင်းလိုက်တာတွေ့တယ် အသံကတော့အကျယ်ကြီးပဲ”ဟု မြောက်ဥက္ကလာပအဝိုင်းအနီးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here