ယနေ့ တွင် မြန်မာ့ရွှေဈေး (၂၈) သိန်း​ကျော်ဖြစ်၊​ဒေါ်လာ​စျေး ၃၂၂၀ ကျပ်ဖြင့်ပိတ်

0
309

ယနေ့ တွင် မြန်မာ့ရွှေဈေး (၂၈) သိန်း​ကျော်ဖြစ်၊​ဒေါ်လာ​စျေး ၃၂၂၀ ကျပ်ဖြင့်ပိတ်

ပြည်တွင်း ရွှေဈေးကွက်တွင် မြန်မာ့‌ရွှေဈေးနှုန်း ဆက် တိုက်ကျဆင်းလာနေပြီး ယနေ့ စက်တင်ဘာလ (၁၄) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၂၉) သိန်းအောက် ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလ (၁၃) ရက် ညနေပိုင်း အပိတ်ဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သားလျင် (၂၉)သိန်း (၉)သောင်း ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဈေးကွက်ဖွင့်ချိန် ၌ (၁) ကျပ်သားလျင် (၂၈၇၀၀၀၀) ကျပ်ဖြင့် ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်ခဲ့သည့်အတွက် တစ်ရက်အတွင်း (၁) သိန်းဝန်ကျင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိပြည်တွင်း ရွှေဈေးကွက်အပေါ် ဗဟိုဘဏ်၏ထိန်းကျောင်းမှုများလည်းရှိနေပြီး ပြည်တွင်း ဝယ်လိုအားကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ သိသိသာ သာ ထပ်မံကျဆင်းလာနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

” ရွှေဈေးရော ၊ မြေဈေးရောက ထပ်ပြီးတော့ သိသိသာသာ ကျလာဖို့ပဲ ရှိပါတယ်။ ဒီအချိန်မှာ ရွှေရော မြေရော မဝယ်ထားသင့်တော့ဘူး။ တက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ပြီးစုရင်  အထိနာဖို့ပဲရှိတယ် ” ဟု ပြည်တွင်းမှ စီးပွားရေးကျွမ်းကျင်သူ လုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အခေါက်ရွှေ (၁) ကျပ်သားလျှင် (၃၇)  သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့သည့် အတွက် ပြည်တွင်း ရွှေလုပ်ငန်းရှင်များကို နေပြည်တော် မှ တွေ့ဆုံကာ ရွှေဈေးနှုန်း ထိန်းကျောင်းရန် ညှိနိူင်းလုပ်ဆောင်ခဲ့သည့်အပြင် ဈေးကွက်အတွင်း မြင့်မားနေသည့် ရွှေဝယ် လိုအားအတွက် အစိုးရက ရွှေဒင်္ဂါးများ ထုတ်ရောင်းပေးခဲ့ရာ တစ်ရက်အတွင်း ရွှေ (၁) ကျပ်သားလျင် (၇) သိန်းဝန်းကျင် ကျဆင်းသွားခဲ့သေးသည်။

ယနေ့ စက်တင်ဘာလ (၁၄) ရက် ရန်ကုန်ရွှေအသင်း၏ ရန်ကုန်အထိုင် ရည်ညွှန်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သားလျင် (၁၉၉၅၀၀၀) ကျပ် ဈေးဖွင့်ထားပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁) အောင်စလျင် အမေရိကန်ဒေါ်လာ (၁၇၀၁) ဒေါ်လာ ဈေးပေါက်ကြောင်း ပြည်တွင်း ရွှေဈေး ကွက်အတွင်းမှ သိရသည်။

ယခုရွှေစျေး၏ထူးခြားချက်မှာ စျေးတစ်မျိုးတည်းမဟုတ်တော့ဘဲ ၃/၄ မျိုး​စျေးခေါ်နေကာ အဝယ်စျေးသိသိသာသာခွါပြီးကောက်နေတာကိုတွေ့ရှိ​နေရဟု ​စျေးကွက်​စောင့်ကြည့်​နေသူလုပ်ငန်းရှင်တဦးက ​ပေါ်ပြူလာနယူးစ်သို့ ​ပြောကြားထားသည်။

ယ​နေ့ ​ဒေါ်လာလက်ငင်းက ၃၃၁၀-၃၃၅၀ ကျပ် ခေါ်နေကာ ​စျေးကို ရွှေနဲ့ငွေညှပ်ပြီး ပြန်တင်ဖို့ကြိုးစားနေကြ​သော်လည်း ယ​နေ့ည​နေ ဒေါ်လာ အပိတ်​စျေး  ၃၂၂၀ ကျပ်ဟု သိရသည်။ဗဟိုဘဏ်က ပုံမှန်ဆက်​ရောင်း​​နေပါက ၃၀၀၀ ​အောက်ကျသွားနိုင်မည်ဟုခန့်မှန်းထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here