မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတီတစ်ဆူ မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခ

0
227

မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတီတစ်ဆူ မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတီတစ်ဆူသည် ယမန်နေ့ (စက်တင်ဘာ ၁၁) ရက် ညပိုင်းက မိုးကြိုးပစ်ခံရသဖြင့် စိန်ဖူးတော်မြေခပျက်စီးသွားကြောင်း ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ် တောင်လေးကုန်း ဘုရားစေတီအား စက်တင်ဘာ ၁၃ ရက် ညပိုင်းကမိုးကြိုးစက်ကွင်း ထိမှန်ခဲ့မှုကြောင့် စိန်ဖူးတော်မြေခခဲ့ပြီး စေတီကိုယ်လုံးတော်တွင်လည်း အက်ကြောင်းဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


“ မနေ့ညက မိုးကြိုးပစ်ခံထိသွားလို့ မြေခသွားတဲ့ စိန်ဖူးတော်နဲ့ တခြားလှူဒါန်းထားတဲ့ လက်ဝတ်ရတနာတွေကို ကျွန်တော်တို့အဖွဲ့က ကူညီရှာဖွေပေးခဲ့တာပါ။ ပြန်တွေ့တာတွေရှိသလိုပျောက်သွားတာတွေလည်း ရှိတယ်” ဟု ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ပြောသည်။

ပီတိ နှလုံးသား လူမှုကယ်ဆယ်ရေးအသင်းမှ ရှာဖွေတွေ့ရှိထားသည့် စိန်ဖူးတော်မှ ကျောက်အပါအဝင် တန်ဖိုးကြီး ပစ္စည်းများအား သိမ်ဆိပ် တောင်လေးကုန်းစေတီတော်ဂေါပကအဖွဲ့ထံအပ်နှံခဲ့ပြီး ဂေါပကအဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here