တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား ၂ သိန်းပြားခန့်နှင့်လက်နက်၊ခဲယမ်းများဖမ်းဆီးရမိ

0
142

တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား ၂ သိန်းပြားခန့်နှင့်လက်နက်၊ခဲယမ်းများဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဝိန်းကျောက်ရပ် ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ စက်တင်ဘာ ၁၀ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီခန့်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ ဝိန်းကျောက်ရပ် ကွက်၊တော်ကော့(တွင်း)၊လိုမာဟော်တယ်လမ်းရှိ နေအိမ်တစ်လုံးအား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်း၌ နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်(ခ) Mr. PHON SUB(၄၂)နှစ်အား စိတ်ကြွဆေးပြား ၁၉၆၀၀၀ ပြား၊ ပစ္စတိုသေနတ် ၁ လက်နှင့်ဆက် စပ်ပစ္စည်းများ၊ ၎င်းကျည် ၁၃ တောင့်၊ ကျည်အိမ် ၃ ခုနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဟောင်လိတ်နယ်မြေရဲစခန်းက စိတ် ကြွဆေးပြားများ၊လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here