မုံရွာ၊ ညောင်ဖြူပင်ကျေးရွာတွင် ဈေးဝယ်နေသည့် ရဲတပ်ဖွဲ့ဝင် (၂) ဦး ပစ်ခတ်ခံရ

0
262

မုံရွာ၊ ညောင်ဖြူပင်ကျေးရွာတွင် ဈေးဝယ်နေသည့် ရဲတပ်ဖွဲ့ဝင် (၂) ဦး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကုန်စုံဆိုင်တွင် ဈေးဝယ်နေသည့် ရဲတပ်ဖွဲ့ (၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲကင်းတွင်တာ၀န်ကျနေသည့် တပ်ဖွဲ့ဝင် (၂) ဦးသည် ကုန်စုံဆိုင်တစ်ခုတွင် ဈေးဝယ်နေစဉ် အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့၀င် (၂) ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီရဲ ၂ ယောက်က သူတို့တာ၀န်ကျတဲ့ ကင်းကနေထွက်လာပြီး ဈေးလာ၀ယ်ကြတာ။ အဲ့ဒီအချိန်မှာပဲ ရောက်လာပြီး ပစ်သွားကြတာ၊ အလစ်စောင့်နေတာနဲ့တူပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူများလည်း အထိတ်တလန့်ဖြစ်ပွားခဲ့ပြီး အမည်မသိ လက်နက်ကိုင်များသည် ရဲတပ်ဖွဲ့ဝင် (၂) ဦး၏ လက်နက်များကိုလည်း ယူဆောင်သွားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့၀င်များက ညောင်ဖြူပင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကြပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here