Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...

တရုတ်ဝန်ကြီးချုပ်က စင်္ကာပူဝန်ကြီးချုပ်ကိုဂုဏ်ပြု

ပေကျင်း၊မေ ၂၄ တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။ တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌...
HomeCelebrities' Newsနဂါးရစ်တောင်ဆရာတော်ဘုရားကြီးရဲ့ အလှူ ၅...

နဂါးရစ်တောင်ဆရာတော်ဘုရားကြီးရဲ့ အလှူ ၅ မျိုးအတွက် လစဥ်အလှူငွေ ဆယ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ်

နဂါးရစ်တောင်ဆရာတော်ဘုရားကြီးရဲ့ အလှူ ၅ မျိုးအတွက် လစဥ်အလှူငွေ ဆယ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ်

နှိုင်းယှဥ်မြင့်မိုရ် ဟာအလုပ်မှရတဲ့ ငွေများမှ တစ်နေ့ ၅ သောင်းစုကာ နဂါးရစ်တောင် ဆရာတော်ဘုရားကြီးရဲ့ အလှူ၅ မျိုးအတွက် လစဥ်အလှူငွေ ၁၀ သိန်းကျပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်ပုံနဲ့ပတ်သက်ပြီး နှိုင်းယှဥ်မြင့်မိုရ် က”မရှိတဲ့ဘဝလေးထဲက လစဉ်လှူနေကြအလှူလေးပါဘုရား ဒုက္ခရောက်ခဲ့စဉ်ထဲက ဈေးသွားလို့ ဈေးဖိုးလေးပိုရင်လည်း ဘုန်းဘုန်းရဲ့စုဗူးလေးထဲပြေးထည့် ကားရိုက်ရလို့ပြန်လာရင်လည်းဦးဦးဖျားဖျားထည့် သီချင်းဆိုပြီးပြန်လာရင်လည်း စုဗူးလေးထဲ ဖယ်ထားတဲ့ငွေလေးထည့်ပီး လှုဒါန်းခဲ့မိတယ်ခုဆိုရင်လည်း တနေ့ ၅ သောင်း ဖယ်ဖယ်ထားပီး ရက် ၂၀လောက်တစ်ခါ တစ်လလောက်ဆိုတစ်ခါ အမြဲလှုတယ်အလုပ်ကပြန်လာတိုင်း ငွေ ၅ သောင်းဖယ် ဘုန်းဘုန်းရဲ့မြသပိတ်ထဲအမြဲထည့်ပီးမှ ဟိုဘက်အဖေအမေ ဒီဘက်အဖေအမေအတွက်ဖယ်ပီး ကျန်တာ မိတ်ကပ်ဖိုး အဝတ်ဖိုး ထုတ် နေ့စဉ်လုပ်နေကြပါ

ဒီလရက်၂၀ ရက်စာအတွက် ဘုန်းဘုန်းရဲ့ နေ့စဉ်အလှူငါးမျိုးအတွက် တပည့်တော်မတို့မိသားစုရဲ့ချွေးနဲစာသန့်သန့်ရှင်းရှင်းရှာဖွေထားတဲ့ အလှူပါဘုရား ” လို့ သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား တစ်ရက်လျှင် (၂)ချိန်ခွဲ၍ ကုသပေးနေ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ(၁၂)နာရီအထိတစ်ကြိမ်၊ မွန်းလွှဲ (၂)နာရီမှ (၄)နာရီအထိ တစ်ကြိမ် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်တွင် ကြည့်ရှု ကုသပေးလျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (New YGH)လေးထပ်ဆောင်သစ်သို့ ဧပြီ (၁၀) ရက်မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လေ့ကျင့်ခန်များဖြင့် ကုသခြင်း၊ စက်များဖြင့် ကုသခြင်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

China – ASEAN ပိုက်ကျော်ခြင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုး

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory Sport က အားကစားဝတ်စုံများ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအတွက် လိုအပ်သည့် ပြိုင်ပွဲဝင်ဂျာစီ၊ ပိုလိုရှပ်များ၊ Tracksuit များအပြင် အခြားအသုံးအဆောင်များအားပေးအပ်ခဲ့ပြီး 2025 SEA Games ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အတွက်လည်း လိုအပ်သည့် Training Jersey များကိုလည်း ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ Glory Sport...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။ " တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071