စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ် နိုင်သမျှဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

0
126

စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ် နိုင်သမျှဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ပြော

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ် သက်၍ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၃ ရက်နံနက် ၉ နာရီကပြုလုပ်စဥ် လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်းရှိ စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဓာတ်အားလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအ မံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

 

ထို့ကြောင့် စက်မှုဇုန်များ၏ ဓာတ်အားလိုအပ် ချက်အား တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

 

“နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အများပြည်သူတွေ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်အပြင် စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံ

အလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ တိုးတက်လာနိုင်မည်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

 

လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့်စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ဓာတ်အားပေးစက်ရုံများ၊မဟာဓာတ်အားလိုင်းများနှင့်ဓာတ် အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိသည်ဟုပြောသည်ဟုပြောသည်။

 

ထို့ပြင် နိုင်ငံတွင်နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများနှင့်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအပြင် နယ် စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့်လျှပ်စစ် ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

 

အလားတူ လေစွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

 

“အဲလို ဆောင်ရွက်ရာမှာ ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေဖို့နဲ့ ဝန်အားပြည့်နေတဲ့ ဓာတ်အားလိုင်းတွေ ဓာတ်အားများပိုပြီးသယ်ယူ နိုင်ဖို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံစီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

 

ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်စက်မှုဇုန်များ၏ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here