Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ်...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော...

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊...
HomeEducation၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ...

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ သြဂုတ် ၁၈ ရက်မှစက်တင်ဘာ ၂ ရက်အထိ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ သြဂုတ် ၁၈ ရက်မှစက်တင်ဘာ ၂ ရက်အထိ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ သြဂုတ် ၁၈ ရက်မှစက်တင်ဘာ ၂ ရက်အထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့်သူများသည် မိမိတို့စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ(အခြေခံပညာအထက် တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာ ရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်တို့အား ဩဂုတ် ၁၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။

ထိုသို့ ထုတ်ယူပြီးနောက် တက္ကသိုလ်ဝင်ခွင့်များအား ဩဂုတ် ၁၈ ရက်မှစက်တင်ဘာ ၂ ရက်အထိ စနေနေ့တနင်္ဂနွေနေ့နှင့်ရုံးပိတ်ရက်များ အပါအဝင်(ပိတ်ရက်မရှိ)လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာတွင် မြစ်ကြီးနားတက္ကသိုလ်၊လွိုင်ကော်တက္ကသိုလ်၊ဘားအံတက္ကသိုလ်၊ဟားခါးတက္ကသိုလ်၊မုံရွာတက္ကသိုလ်၊ရွှေဘိုတက္ကသိုလ်၊စစ်ကိုင်းတက္ကသိုလ်၊ထားဝယ်တက္ကသိုလ်၊တောင်ငူတက္ကသိုလ်၊ပြည်တက္ကသိုလ်၊ပဲခူးတက္ကသိုလ်၊မကွေးတက္ကသိုလ်နှင့်ပခုက္ကူတက္ကသိုလ်တို့တွင် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

အလားတူ မန္တလေးအဝေးသင်တက္ကသိုလ်၊မိတ္ထီလာတက္ကသိုလ်၊ကျောက်ဆည်တက္ကသိုလ်၊မော်လမြိုင်တက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊တောင်ကုတ်တက္ကသိုလ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်၊တောင်ကြီးတက္ကသိုလ်၊လားရှိုးတက္ကသိုလ်၊ကျိုင်းတုံတက္ကသိုလ်၊ပုသိမ်တက္ကသိုလ်၊ဟင်္သာတတက္ကသိုလ်နှင့်မအူပင်တက္ကသိုလ်တို့တွင်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းသို့ လျှောက်ထားရာတွင်လည်း သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ လျှောက်ထားသူများသည် ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုအားအသေးစိတ်သိရှိလိုပါက ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်) ဖုန်း-၀၁၇-၅၃၇၆၇၇ နှင့် ၁၁၇-၅၂၅၆၁၂ ၊ ၀၁၇-၅၀၃၁၄၇ တို့သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ​ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတကာစံနှုန်းမီ အပြည်ပြည်ဆိုင်ရာ စစ်တုရင် (International Chess) သာမက မြန်မာတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲများကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071