မိုးညှင်းမြို့နယ်နှင့်သာစည်မြို့နယ်တို့တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ် ကြွဆေးပြားများဖမ်းမိ

0
130

မိုးညှင်းမြို့နယ်နှင့်သာစည်မြို့နယ်တို့တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ် ကြွဆေးပြားများဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်နှင့်မန္တလေးတိုင်း၊သာစည်မြို့နယ်တို့တွင် သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ဖမ်းဆီးရမိမှုများတွင် သြဂုတ် ၉ ရက်ညနေ ၅ နာရီခွဲက မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မန္တလေးဘက်မှမိုးညှင်းဘက်သို့ အောင်ဆွေဦး မောင်းကာ မင်းမင်းသန်း လိုက်လာသည့် FOTON ၆ ဘီးကားအား စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်ရှိ ပြောင်းဖူးစေ့အိတ်များ အတွင်းထည့်သွင်းထားသည့် မန္တလေးတိုင်းမှကချင်ပြည်နယ်သို့ သယ်ဆောင်လာသော ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား သိန်း ၂၀ ပြားကျော်အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အလားတူ သြဂုတ် ၁၀ ရက်နံနက် ၇ နာရီတွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက သာစည်မြို့နယ်၊ကျွဲကျကျေးရွာ၊ကျွဲကျချောင်းအနီး၌ ဆာလာအိတ်များတင်ဆောင်ကာ ရပ်ထားသည့် ဆိုင်ကယ် ၃ စီးအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ ဆာလာအိတ် ၁၃ အိတ်အတွင်းမှ ငွေကျပ်  ၃ ဒသမ ၆၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ ဒသမ ၂ သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here