Friday, May 30, 2025

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉...

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက...

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...
HomeInternationalမြောက်ကိုရီးယားနျူလက်နက်ဖျက်သိမ်းရေး ထောက်ခံမည်ဟု ကုလသမဂ္ဂ...

မြောက်ကိုရီးယားနျူလက်နက်ဖျက်သိမ်းရေး ထောက်ခံမည်ဟု ကုလသမဂ္ဂ အကြီးအကဲ ကတိပြု

မြောက်ကိုရီးယားနျူလက်နက်ဖျက်သိမ်းရေး ထောက်ခံမည်ဟု ကုလသမဂ္ဂ အကြီးအကဲ ကတိပြု

ဆိုးလ်၊ ဩဂုတ် ၁၂ ရက်

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုးလ်၌ တောင်ကိုရီးယားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်  မြောက်ကိုရီးယားရှိ နျူကလီးယားလက်နက်များ အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေမှုများကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။

“ကိုရီးယားကျွန်းဆွယ်မှာ ပြီးပြည့်စုံပြီး ပြန်လည်နောက်ဆုတ်လို့မရတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ယူအင်န်က အပြည့်အဝထောက်ခံတယ်ဆိုတာကို အခွင့်ရတုန်းလေး ထုတ်ဖော်ပြောကြားလိုပါတယ်၊ အထူးသဖြင့် မြောက်ကိုရီးယားမှာပေါ့၊ နောက်ပြီး ဒီပန်းတိုင်ဟာ ဒေသတွင်း လုံခြုံရေး၊ ငြိမ်းချမ်ရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်” ဟု သမ္မတ ယွန်းဆော့ယိုနှင့် တွေ့ဆုံစဉ် ဂူတာရက်စ် ပြောကြားခဲ့သည်။

မေလ၌ အာဏာရရှိလာခဲ့သည့် ကွန်ဆာဗေးတစ်ပါတီဝင် သမ္မတ ယွန်းက မြောက်ကိုရီးယားနှင့် ပတ်သက်၍ သံတမန်ရေးအရ လမ်းဖွင့်ထားသည့်ဟု ဆိုထားသော်လည်း ပြုံယမ်းအား ၎င်း၏လက်နက်များ အသုံးပြုခြင်းမှ ဟန့်တားရန်အတွက် ခိုင်မာသော စစ်ရေးဆိုင်ရာ အစီအမံများဆောင်ရွက်ရန် ကိုလည်း ကတိပြုခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်အများအပြားကို စံချိန်တင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဆိုးလ်နှင့် ဝါရှင်တန်မှ တာဝန်ရှိသူများက မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ ရပ်တန့်ထားသည့် ၎င်း၏ နျူလက်နက် စမ်းသပ်မှုများကို ပြန်လည်စတင်ရန် ပြင်ဆင်နေပုံရသည်ဟု ဆိုသည်။

ပြုံယမ်းသည်လည်း သံတမန်ရေးအရ လမ်းဖွင့်ထားကြောင်း ပြောဆိုထားသော်လည်း အမေရိကနှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကာ ၎င်းတို့၏ ရန်လိုသောမူဝါဒများကို ဆက်လက်ထိန်းသိမ်းထားသည်ဟု စွပ်စွဲထားသည်။

တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင် နှင့်တွေ့ဆုံရာတွင် ဂူတာရက်စ်က မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယားလက်နက်များ ဖျက်သိမ်းပေးရန် ဖျောင်းဖျမည့် သံတမန်ရေးကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“နျူကလီးယား ကင်းစင်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို စတင်ဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ကြိုဆိုရမှာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့ အပြည့်အဝ ထောက်ခံမှု ရရှိမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉ ဦး‌ေ-သ၊ ဒါဇင်နှင့်ချီဒဏ်ရာရရှိ

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက နိုင်ငံတစ်ဝန်းရှိ တိရစ္ဆာန်များပါ အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အရှေပိုင်းပန်ဂျပ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သကဲ့သို့ ကျန်ပြည်နယ်အသီးသီး၌လည်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။ လေပြင်းဒဏ်ကြောင့် အဆောက်အအုံပြိုကျ သော ဖြစ်ရပ်ပေါင်း ၁၅၀ ကျော်လည်းဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူများထဲတွင် အမျိုးသမီးနှင့်ကလေ--းငယ်များလည်းပါဝင်သည်ဟုသိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ဆိုလာပြားများနှင့် မော်တော်ယာဉ်များအပါအဝင်...

ကမ္ဘောဒီးယားတွင်အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်း၊ဂျပန် ၂၀ ကျော် အဖမ်းခံရ

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အာဏာပိုင်များက နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့ထဲမှ ၂၀ ကျော်သည် ဂျပန်နိုင်ငံသားများဟု ယူဆရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။       နယ်စပ်မြို့ဖြစ်သော ပွိုင်ပက်တွင် အွန်လိုင်းလောင်းကစားနှင့် ခေတ်မီဆန်းပြားသော ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အဆောက်အအုံကို ပစ်မှတ်ထား၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။           ငွေလိမ်လုပ်ငန်းများတွင် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းပေးချက်အရ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက အင်္ဂါနေ့တွင် စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတည်ပြုခဲ့ပြီး လက်ရှိတွင်...

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်၍ တည်ငြိမ်အေးချမ်းမှုလိုအပ်၍ တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစတင်ကာ ယခုမေလကုန်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ " ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071