ဆင်ပေါင်ဝဲမြို့နယ်တွင် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၃ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

0
156

ဆင်ပေါင်ဝဲမြို့နယ်တွင် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၃ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ်၊စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင် ၃ ဦးအား သြဂုတ် ၁၂ ရက်က မိဘများထံပြန် လည်အပ်နှံပေးခဲ့သည်။

ထိုသို့ ပြန်လည်အပ်နှံရာတွင် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ဆင်ပေါင်ဝဲမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

အလားတူ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃ ဦးအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

“တံခါးကျယ်ကျယ်ဖွင့်ထားပါတယ် ရဲရဲပဲလျှောက်လှမ်းခဲ့ကြပါလို့မေတ္တာရပ်ခံလိုပါတယ် တောထဲမှာ မိမိတို့ရဲ့အနာဂတ်ကို အဆုံးရှုံးခံပြီးနေမလား အသိတရားကပ်ပြီးတော့ အရင်လိုအေး ချမ်းမယ်ဆိုတဲ့မူကိုလက်ကိုင်ထားပြီးတော့ ကမ်းမဲ့လက်ကိုလှမ်းချင်သလားဆိုတာကတော့ ရွေး ချယ်ဆုံးဖြတ်နိုင်ရမှာဖြစ်ပါတယ်”ဟု နစက သ တင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၈ ကြိမ်မြောက်သ တင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားသည်။ 

နစက မှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here