ပြည်သူ့လုံခြုံရေးအဖွဲ့ များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည်ဟု နစက ဒုတိယဥက္ကဌပြောကြား

0
196

ပြည်သူ့လုံခြုံရေးအဖွဲ့ များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည်ဟု နစက ဒုတိယဥက္ကဌပြောကြား

ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးများဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်က ပြောကြားသည်။

ယမန်နေ့ သြဂုတ် ၁၀ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့တွင် နိုင်ငံတော်ကောင်စီဝင်များနှင့် တွဲဖက်အတွင်းရေးမှူး တို့က ဆွေးနွေးတင်ပြမှုအပြီး နစက ဒုတိယ ဥက္ကဌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကောင်စီဝင်များနှင့် တွဲဖက်အတွင်းရေးမှူး တို့က သတင်းထုတ်ပြန်မှုများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့လုံခြုံရေးစနစ်တည်ဆောက်ရေး၊ CRPH ၊ NUG နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်နေမှုနှင့်တည်ငြိမ်အေးချမ်းရေးအတွက် သတင်းများဖော်ထုတ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြခြင်းဖြစ်သည်။

ယင်းအပေါ် နစက ဒုတိယဥက္ကဌက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ၊ သံဃာတော်များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေအနေများကို ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူ့လုံခြုံရေးအဖွဲ့ များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် တဆက်တည်းပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here