ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ့စီးပွားရေးခိုင်မာအောင်တည်ဆောက်ရန်လိုကြောင်း နစက ဥက္ကဌ ပြောကြား

0
152

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ့စီးပွားရေးခိုင်မာအောင်တည်ဆောက်ရန်လိုကြောင်း နစက ဥက္ကဌ ပြောကြား

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံ့စီးပွားရေးခိုင်မာအောင်တည်ဆောက်ရန်လိုကြောင်း နစက ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့ သြဂုတ် ၁၀ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နစက ဥက္ကဌက အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တစ်ဆက်တည်းပြောကြားသည်။

ယခုအခါ စီးပွားရေးကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း  ပြောကြားခဲ့သည်။

ယင်းအပြင် ယခုလာမည့် (၆) လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဆိုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊  ဆောင်ရွက်ရန်အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်းတင်ပြ၍ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ရ ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here