Friday, May 1, 2026

မေလအတွင်း တစ်နာရီ မိုင် (၅၀)...

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁)...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင်...

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...
HomeNewsLocal Newsဗဟိုဘဏ်က နိုင်ငံခြားငွေဈေးနှုန်း ပြောင်းလဲသတ်မှတ်ပြီးနောက်...

ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးနှုန်း ပြောင်းလဲသတ်မှတ်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ပြန်လည် မြင့်တက်

ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးနှုန်း ပြောင်းလဲသတ်မှတ်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ပြန်လည် မြင့်တက်

ဗဟိုဘဏ်က ဒေါ်လာရည်ညွှန်းဈေး ပြောင်းလဲ သတ်မှတ်ပြီးနောက် ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းပြန်လည်မြင့်တက်မှုများ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၁၆၀၀ ကျပ် စွန်းစွန်းအထိကျခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများမှာ ယနေ့ ဈေး ကွက်ပေါက်ဈေးအရ တစ်လီတာလျင် (၂၀၀) ကျော်အ ထိ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယနေ့ သြဂုတ်လ (၉) ရက် ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ (92)တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ (95) တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ (97) တစ်လီတာလျှင် ၂၃ ၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်နှင့် ပရီမီ ယံ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ် ဖြစ်ကြောင်း ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်းများမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက စက်သုံးဆီ တစ်လီတာလျင် ၂၃၅၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ရာမှ အစိုးရက ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အကျဘက်သို့ ဦးတည်ခဲ့သော်လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ထိန်းချုပ်မှုများက စက်သုံးဆီ ဈေးကွက် မငြိမ်သက်မှုကို ဖြစ်ပေါ်စေကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

နစက အစိုးရအနေဖြင့် ပြည်ပသွင်းကုန်များအပေါ် ကန့် သတ်မှုများ လုပ်ဆောင်နေသော်လည်း နောက်ကျငွေချေစနစ်ဖြင့် တင်သွင်းဖြန့်ဖြူးနိုင်မည့် ဆီလုပ်ငန်းရှင်များကို ပြီးခဲ့သည့် လအတွင်းက ဖိတ်ခေါ်ခဲ့ပြီး တင်သွင်းမည့် ဆီအမျိုးအစား ၊ ပမာဏနှင့် ငွေပေးချေမည့် ပုံစံကို တင်ပြရန်လည်း ညွှန်ကြားထားသည်။

နစကအစိုးရ လက်အောက်ရှိ စက်သုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက နေ့စဉ် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးနေပြီး မြေပြင် ဈေးကွက်နှင့် ဈေးနှုန်းကွာဟမှုများလည်း ရှိနေကြောင်း သိရသည်။

နစကအနေဖြင့် စက်သုံးဆီ ဈေးကစားသူများနှင့် ဆိုင်အချို့ကို အရေးယူမှုများ လုပ်ဆောင်ခဲ့ပြီး နိုင်ငံတော်တွင် စက်သုံးဆီ လုံလောက်စွာ ရှိသည့်အပြင် အရန်ဆီပါ ထားရှိထားကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်ကအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။​ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်သင်ကြားမည်

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအကြား ဘောလုံးအားကစား အခြေခံကျွမ်းကျင်မှုများ ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ယခုလ မေလ (၄) ရက်မှ စတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။ စီမံခန့်ခွဲမှုနှင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071