အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များတွင် ရေဝင်ရောက်လျက်ရှိ

0
204

အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များတွင် ရေဝင်ရောက်လျက်ရှိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသတွင် သြဂုတ် ၃ ရက်(ယနေ့)နံနက် ၆ နာရီကျော်ခန့်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်မွန်းချောင်းနှင့်နန့်သာအင်းချောင်းများမှ ရေများလျှံတက်လာကာ နန့်မွန်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်၍ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

“ရေဝင်တဲ့အိမ်တွေက လူတွေနဲ့အိမ်ပစ္စည်းတွေကို ရေဘေးလွတ်တဲ့နေရာတွေပို့ပေးထားပါတယ် မ နက်ထဲကမိုးအရမ်းရွာတော့ရေတက်နိုင်လို့ ကယ် ဆယ်ရေးလုပ်ဖို့အဆင်သင့်ပြင်ထားတာ လမ်းတွေပေါ်မှာလည်း ရေကျော်နေတော့ ဖြတ်သန်းနေတဲ့လူတွေ အခက်အခဲမဖြစ်အောင် လမ်းကြောင်းတစ်လျှောက်မှာကူညီပေးပါတယ်”ဟု နန်းမွန်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်များမှာ အနိမ့်ပိုင်းများဖြစ်သော ရပ်ကွက် ၁ ၊ ရပ်ကွက် ၂ နှင့်ရပ်ကွက် ၃ တို့ရှိ နေအိမ်များနှင့်လမ်းများပေါ်သို့ ရေကျော်ရေဝင်ရောက်လျက်ရှိသည်။

အလားတူ ဟိုပင်-နန့်မွန်း-ညောင်ပင်သွားကားလမ်း၏ နေရာအချို့တွင် ၂ ပေခန့်၊ နန့်မွန်း-အုန်းစံဆိုင်-ဘီလူးသွားကားလမ်း၏ နေရာအချို့တွင်လည်း ၈ လက်မခန့်ရေကျော်ခဲ့သော်လည်း လက် ရှိအချိန်၌ ပြည်လည်ကျဆင်းလာပြီးဖြစ်ကြောင်း သိရသည်။

“ကားလမ်းပေါ်မှာရေကျော်တာကတော့ တဖြည်း ဖြည်းနဲ့ကျသွားပြီ ရပ်ကွက်တွေထဲကတော့ ချက်ခြင်းမကျသေးဘူး ရေအကုန်ကျသွားမှပဲ ရေ ဘေးလွတ်တဲ့ဆီကိုရွှေ့ပေးထားတဲ့ အိမ်ထောင်စုတွေကို ပြန်ရွှေ့ပေးသွားမှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo- MOI/CJ


LEAVE A REPLY

Please enter your comment!
Please enter your name here