ဖားကန့်မြို့နယ်တွင် ရဲ(၂)ဦး သေနတ်ဖြင့် ပစ်ခံရ၊ ဒုရဲမူး သေဆုံးကာ ကျန်(၁)ဦး ထွက်ပြေး

0
203

ဖားကန့်မြို့နယ်တွင် ရဲ(၂)ဦး သေနတ်ဖြင့် ပစ်ခံရ၊ ဒုရဲမူး သေဆုံးကာ ကျန်(၁)ဦး ထွက်ပြေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ရဲတပ်ဖွဲ့ဝင် (၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် (၁) ဦး သေဆုံးပြီး (၁) ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ယနေ့နံနက်ပိုင်းက ဈေးဝယ်နေစဉ် အမည်မသိ လက်နက်ကိုင်များက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုရဲမှူး(၁) ဦးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

” ဆိုင်မှာ ဈေးဝယ်ပြီး ကားထဲ ထည့်နေတုန်း ဝိုင်းပစ်တာ။ ဒုရဲမှူး ဆိုတဲ့သူက နေရာမှာပဲ လဲကျပြီး သေသွားတယ်။ နောက်တစ်ယောက်ကတော့ ဘယ်မှန်သလဲမသိဘူး။ ထွ က်ပြေးသွားတယ်” ဟု ပစ်ခတ်မှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ဒုရဲမှူးဆိုသူမှာ အသက် (၃၆) နှစ်အ ရွယ်ရှိ အောင်ကိုလတ်ဆိုသူ ဖြစ်ပြီး ဆိုင်းတောင် ရဲစခန်းမှ ဒုရဲမှူးဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂) ဦးအား ယနေ့ နံနက် (၉) နာရီဝန်းကျင်က မှော်ရှန်ကျေးရွာရှိ သံလွင် ကုန်စုံဆိုင်တွင် အမည်မသိသေ နတ် သမား (၄) ဦးက ကားဖြင့်ရောက်လာကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒုရဲမှူး အောင်ကိုလတ်၏ အလောင်းကို ဖားကန့် ဆေးရုံသို့ ပို့ဆောင်ထားပြီး ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရှိရသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here